အခန်း (၄၁၇)

1K 161 0
                                    

လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ  ......  ကြည်ဖြူ (ရိုးရာ)

အခန်း (၄၁၇)  :    သေမင်းမိုင်းတွင်း

“ တာအိုရောင်းရင်းမို ...  ကျမတို့ မိုင်းတွင်း ၆ (က) ကို ပြန်သွားမှာလား ” ကျာချီက ချက်ချင်း မေးလိုက်သည်။

“ ကျုပ်တို့တွေ အဲဒီနေရာကို သွားလို့ မဖြစ်တော့ဘူး။ အင်မော်တယ်တပိုင်းနယ်ပယ်နဲ့ ဝေးပြီးတော့  ကျောက်တုံးနက် များများထွက်တဲ့  မိုင်းတွင်းနေရာကိုရော  မသိဘူးလား ...”

မိုဝူကျီက ပြန်ပြောလိုက်သည်။ မိုင်းတွင်း ၆ (က) မှာ နေရာကောင်း တစ်ခု ဖြစ်သော်လည်း အင်မော်တယ်တပိုင်းနယ်ပယ်နှင့် အလွန်နီးကပ်နေသည်။ သူက သခင်ပုဆိန်တို့ကို ရန်စခဲ့မိသောကြောင့်  ကျောက်တုံးနက် တူးယူနိုင်သည့် သူ့အရည်အချင်းမှာ ဤနေရာ၌ အန္တရာယ်ကြီးနေပေသည်။

ဘေးတွင် ရပ်နေသည့် ဆရာကြီးဖူကျိက ရုတ်တရက် ဝင်ပြောလိုက်သည်  “ သခင်ပုဆိန်နဲ့ ခင်ဗျားကြားမှာ ရန်ကြွေးရှိနေရင်တော့  အခု သွားနိုင်တဲ့ တစ်ခုတည်းသော နေရာက သေမင်းမိုင်းတွင်းပဲ ”

ကျာချီ အမူအယာက  ချက်ချင်း ပြောင်းလဲသွားပြီး  ခေါင်းခါလိုက်ကာ  “ ဆရာကြီးဖူကျိ ... အဲကို သွားတာက သေလုနီးပါး  ဖြစ်ဖို့ သေချာနေတာလေ ”

ဆရာကြီးဖူကျိက စကားမပြောသေးဘဲ မိုဝူကျီ၏ အဖြေကို စောင့်ဆိုင်းနေဟန် ပေါ်သည်။ တကယ်တော့ သူ့စိတ်ထဲတွင် နေရာကောင်းတချို့ ရှိသေးသော်လည်း သူက မိုဝူကျီ၏ စွမ်းဆောင်ရည်နှင့် သတ္တိကို သိအောင် လုပ်ရမည်။ အင်အားအရ မိုဝူကျီ၏ ကျင့်ကြံဆင့်နှင့်ပတ်သတ်၍ တွေးမိထားသည်မှာ သူက  မိုဝူကျီကို မရှုံးနိမ့်နိုင်ချေ။ သို့သော်လည်း တိုက်သင်္ဘောအတွက် အင်အားကောင်းနေရုံမျှဖြင့် မလုံလောက်သေးချေ။ အကယ်၍ မိုဝူကျီက တိုက်သင်္ဘောမောင်းနှင်ဖို့ရာ ပါမည့်အရာ ရှိမနေပါက သူက မိုဝူကျီကို တွေဝေခြင်းမရှိ သတ်ပစ်ကာ တိုက်သင်္ဘောကို ယူသွားမည် ဖြစ်သည်။ ထိုအတွေးမှာ  တိုက်သင်္ဘော မြင်လိုက်ကတည်းက  ခေါင်းထဲမှ ထွက်မသွားတော့ချေ။

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ