အခန်း (၄၆၅) : စွမ်းအားစက်ကွင်း မပါရှိခြင်း
မိုဝူကျီ၏ စိတ်ခံစားချက် အခြေအနေ သိပ်မကောင်းသည်ကို မြင်၍ ဟန်ချင်းရုက ဆက်မမေးတော့ဘဲ မိုဝူကျီ အဘယ်ကြောင့် ထိုသို့ ခံစားနေရမှန်း အကြမ်းဖျင်း မှန်းဆမိလေ၏။ မိုဝူကျီက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရာ၌ မည်မျှ တော်နေစေကာမူ လဝက်အတွင်းအင်မော်တယ်ဝင်ရိုးကို များများစားစား ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။ အင်မော်တယ်ဝင်ရိုးကျောက်တုံး သုံးရသည့် အရေအတွက် နည်းလေလေ ဖြစ်တည်လာသည့် အင်မော်တယ်ဝင်ရိုးက အားနည်းလေလေ ဖြစ်၏။
သူမက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ရာ နှစ်ဝက်ခန့် အချိန်ယူခဲ့ရလေသည်။ သူမ နှုန်းဖြင့် သူမက အင်မော်တယ်ဝင်ရိုး ကျောက်တုံး ၆ သိန်းကျောက်သာ အသုံးပြုနိုင်ခဲ့သည်။ ယခု မိုဝူကျီက လဝက်ခန့်သာ ကုန်ဆုံးရသေး၍ သူ အင်မော်တယ်ဝင်ရိုးကျောက်တုံး မည်မျှ သုံးထားကြောင်း စိတ်ကူးကြည့်လို့ ရပေသည်။
“ ဒါနဲ့ ဟုတ်သား ..... စီနီယာအစ်မချင်းရု ... နတ်ဘုရားမျှော်စင်အကြောင်း သိလား ” မိုဝူကျီက ကောင်းကင်ဖွေရှာနန်းတော်၏ မုတ်ဆိတ်ဖြူ ငါးဖမ်းသမား အဖိုးအိုကြီးနှင့် သဘောတူညီချက်ကို ရုတ်တရက် အမှတ်ရသွားပြီး ပြောလိုက်သည်။
ဟန်ချင်းရုက ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်
“ အဲဒီအကြောင်းတော့ ဘာမှ မသိဘူး။ ဂျုနီယာမောင်လေးက ဘာလို့ မေးတာလဲ “
“ အဲဆို အင်မော်တယ်ဖွေရှာလှေကား မတက်ခင် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့က လိုကို လိုတာလား ”
မိုဝူကျီက ဤကိစ္စမှာ အင်မော်တယ်လောကနှင့် ဆက်နွယ်နေပြီး ယုံရင်အစွန်းအဖျားနေရာနှင့် ပတ်သတ်မှု မရှိလောက်ကြောင်း မှန်းဆမိသည်။ လခြမ်းကွေးအကျဉ်းထောင်အတွက် မိုဝူကျီက ဟန်ချင်းရုလည်း မသိသည်မှာ သေချာ၍ မမေးမြန်းခြင်း ဖြစ်၏။
ဟန်ချင်းရုက ခေါင်းညိတ်ပြကာ
“ ဒါပေါ့ ... အင်မော်တယ်ဖွေရှာလှေကားမှာ ကောင်းကင်ဘုံ တာအို စည်းမျည်းတွေ ပါနေတာဆိုတော့ အင်မော်တယ်လောကမှာ မွေးဖွားလာတဲ့ သူ မဟုတ်သရွေ့ အင်မော်တယ်ဖွေရှာလှေကားကို တစ်ထစ်တောင် တက်နိုင်မှာ မဟုတ်ဘူး ”
![](https://img.wattpad.com/cover/234026072-288-k505135.jpg)
ŞİMDİ OKUDUĞUN
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantastiksequence of Book 3 ~~~ All credits given to original author