အခန်း (၄၃၈)

1K 164 1
                                    

လူသားသစ္စာ စာစဥ် ၃၂

အခန်း   (၄၃၈)  :  ကျန်နေခဲ့ခြင်း

မိုဝူကျီ  အလန့်တကြား မဖြစ်လာခင်အထိ  သူ့စိတ်ဝိညာဉ်မျက်လုံးကို စက္ကန့်ပိုင်းလေးသာ ဖွင့်နိုင်လေသည်။ ထိုစဉ်   ထိုဥများမှာ ပြန့်ကျဲလာပြီး သူတို့ကိုယ် သူတို့ တိုက်သင်္ဘောဆီ အလုံးအရင်းလိုက် ပစ်ဝင်လာကြသည်။ အကြောင်းအရင်းမှာ တိုက်သင်္ဘောက ဝိညာဉ်စွမ်းအားများ ထုတ်လွှင့်နေသောကြောင့် ထိုပိုးကောင်ဥများက အစုလိုက်အပြုံလိုက် ဝင်လာကြခြင်း ဖြစ်သည်။ တချို့ဥများမှာ  စတင်၍ ပေါက်လာကြပြီး ထိုချွန်မြမြန် ပါးစပ်နှင့်အတူ မီးတောက် ခန္ဓာကိုယ်ကို အရေအတွက်များပြားလှသည့် ခြေထောက်များဖြင့် ပေါင်းစပ်ထားပြီး အားကောင်းလှသည့် ယင်စွမ်းအား ထုတ်လွှင့်နေသောကြောင့် ထိုအရာများမှာ ယင်မီးတောက် ကင်းခြေများ များ ဖြစ်သည်။

စူးစူးဝါးဝါး အသံများပင် ကြားနေရပေသည်။ မိုဝူကျီ စိတ်ထဲ လေးလံသွားမိသည်။  ထိုယင်မီးတောက် ကင်းခြေများ အကောင်များက သူတို့ဥမှ ထွက်လာပြီး တိုက်သင်္ဘော၏ အပြင်ဘက်ပိုင်းကို ကိုက်ဝါးနေကြသည်။

မိုဝူကျီ၏ စိတ်စွမ်းအားက  တိုက်သင်္ဘော အပြင်ဘက် ကျရောက်သွားသည့်အခါ အမှန်ပင် ခြစ်ရာအချို့ ရှိနေလေ၏။ ထို့အပြင် ထိုအကောင်များမှာ ပေါက်လာကာစ ယင်မီးတောက် ကင်းခြေများ ဖြစ်ကြသည်။

အကယ်၍ ထိုကင်းခြေများ  များသာ ဆက်လက် ကြီးထွားလာပါက ထိုမျှအများကြီးနှင့် .....

မိုဝူကျီက ထပ်မတွေးရဲတော့ချေ။ သူက ဤတိုက်သင်္ဘောသာ ဝါးစားခံလိုက်ရပါက မည်သူမျှ အသက်ရှင်နိုင်မည် မဟုတ်ပေ။

“ တာအိုရောင်းရင်းထုံချိန် .... သင်္ဘောကို ထိန်းပေးထား။ ကျပ်  အဲဒီကောင်တွေကို သွားသုတ်သင်လိုက်မယ် ” မိုဝူကျီက ဆုံးဖြတ်ချက် ချလိုက်တော့သည်။

“တာအိုရောင်းရင်းမို အဲလို လုပ်လို့ မဖြစ်ဘူးလေ။ အဲဒါတွေက အရောင်မဲ့မျှော့ မဟုတ်ဘူး။ အဲအရာတွေက ယင်မီးတောက် ကင်းခြေများ ဥ တွေ ဖြစ်လောက်မယ်  ....” ဆရာကြီးဖူကျိက ချက်ချင်း ပြောလိုက်သည်  “ ပြီးတော့ ယင်မီး‌တောက် ကင်းခြေများ အကောင်ပဲ ဖြစ်ဖြစ်  ဥပဲ ဖြစ်ဖြစ် မီးတောက်နဲ့ မဖြေရှင်းနိုင်ဘူး  ... ”

လူသားသစ္စာ Translation Book 4 ( 401 - 500)Donde viven las historias. Descúbrelo ahora