လူသားသစ္စာ စာစဉ် ၃၃
အခန်း (၄၄၈) : ပန်းမြိုင်ရာ အိမ်တော်
မိုဝူကျီက ဝမ်လျန်ရှီး ထိုမေးခွန်းမေးသည့် အကြောင်းအရင်းကို မသိသော်လည်း သူက အေးအေးဆေးဆေး ပြန်ဖြေနိုင်လိုက်သည်
“ ကျုပ်က အဆင့် ၈ ဆေးလုံးအတွက် ဖော်စပ်နိုင်စွမ်း ပြန်ရပြီဆိုတော့ အဲဒါကိုတော့ အလွယ်တကူ ဖော်စပ်နိုင်ပါပြီ။ မကြာခင် အဆင့် ၉ ဆေးလုံးကိုလည်း ဖော်စပ်နိုင်တော့မှာပါ ... ”
ဝမ်လျန်ရှီးက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ သူမအနေဖြင့် ဤလူက ထိုမျှအရေထူလိမ့်မည်ဟု ထင်မထားပေ။
သူမက ဆေးလုံးတစ်လုံး ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်ပြီး “ ဒီဆေးလုံးကို သောက်လိုက် .... ပြီးတော့ကျ ... ”
ဝမ်လျန်ရှီးက မိုဝူကျီကို သင်္ဘောပေါ်မှ မောင်းမချခင် ချမ်ရှန်းက ဝင်လာကာ တင်ပြလိုက်သည် “ မမလေး .... ကျုပ်တို့တွေ ပန်းမြိုင်ရာ အိမ်တော်ကို ရောက်ပါပြီ ”
သင်္ဘောက နည်းနည်း တုန်ခါသွားပြီးနောက် လုံးဝ ရပ်တန့်သွားတော့သည်။ ဝမ်လျန်ရှီးက ရယ်ရယ်မောမော အသံတစ်သံကို ကြားလိုက်ရပြီး “မမရှီး ရောက်လာဖို့ နေ့တိုင်း မျှော်နေတာကို ဘာလို့ နောက်ကျမှ ရောက်လာရတာလဲ ... ညီမကို မေ့သွား .... ”
သူမ စကားမဆုံးခင် မျက်နှာဝိုင်းဝိုင်းနှင့် နီနီရဲရဲ တောက်တောက်စိုစို ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးက သင်္ဘောရှေ့ ပေါ်လာသည်။ နောက်အခိုက်အတန့်ပိုင်းလေး၌ ထိုမိန်းကလေးမှာ ဝမ်လျန်ရှီးရှေ့ ရောက်လာတော့သည်။
“ မမရှီး ဒါက ဘယ်သူကြီးလဲ။ သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး ” ဝတ်စုံနီနှင့် မိန်းကလေးက ဝမ်လျန်ရှီး ဘေးနားမှ မိုဝူကျီကို မြင်သည့်အခါ တအံ့တဩ မေးလိုက်သည်။ သူမက ဝမ်လျန်ရှီး ထွက်သွားစဉ် ခေါ်သွားခဲ့သည့် တစ်ဦးတည်းသော အိမ်အစေခံမှာ ချမ်ရှန်းသာ ဖြစ်ကြောင်း သေချာသိထားသည်။
“အို့ ....” ဝမ်လျန်ရှီးက အာမေဋိတ် ‘ အို့’ ဟုသာ ထွက်လိုက်နိုင်ပြီး မြန်မြန် ပြောလိုက်ရသည်
BẠN ĐANG ĐỌC
လူသားသစ္စာ Translation Book 4 ( 401 - 500)
Viễn tưởngsequence of Book 3 ~~~ All credits given to original author