အခန်း (၄၀၉)

1K 160 0
                                    

လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ  ..... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၀၉)  :  စွန့်ပစ်မိုင်းတွင်းများ

ဆရာကြီးဖူကျိ နေအိမ်မှ ထွက်လာပြီးနောက် ကျာချီမှာ မယုံမကြည် ဖြစ်နေဆဲ ဖြစ်သည်။ မိုဝူကျီက ဆရာကြီးဖူကျိကို သူ့ကိုယ်ပိုင်လက်စွပ် လက်လျော့အောင် လုပ်နိုင်ခဲ့လေသည်။ ထိုသို့ တကယ်ဖြစ်မလာခင်အထိ သူမက ယုံကို မယုံကြည်နိုင်ပေ။

“ ကျမတော့ ဆရာကြီးဖူကျိ က ရှင့်ကို လက်စွပ် တကယ်ပေးလိုက်လိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး ” သူမ တည်ငြိမ်သွားပြီးနောက် ကျာချီက စိတ်လှုပ်ရှားစွာ သက်ပြင်းချကာ ဆိုလိုက်သည်။

မိုဝူကျီက သက်ပြင်းချကာ

“ ဒါက နှစ်ဦးသဘောတူလေ။ လက်စွပ်က ဒီနေရာမလို့ အသုံးဝင်ပေမဲ့ ကျုပ် အာကာသ သဘောတရားများ အနှစ်ချုပ်က အဖိုးမဖြတ်နိုင်တဲ့ ရတနာလေ .. ”

ကျာချီက ခေါင်းညိတ်ပြလိုက်သည်။ မိုဝူကျီ ပြောသည်က မှန်ကန်ပေသည်။ အာကာသ သဘောတရားများ အနှစ်ချုပ်ကဲ့သို့ ရတနာမှာ တခြားနေရာမှာ ရောက်နေလျှင်ပင် သာမာန်လက်စွပ်ကွင်းတစ်ခုဖြင့် လဲလှယ်လို့ ရမည် မဟုတ်ပေ။

“ တာအိုရောင်းရင်းကျာချီ ... မိုင်းတွင်းနေရာ ခွဲပေးတာက တစ်လမှာ ဘယ်နှကြိမ်လောက်လဲ ” မိုဝူကျီက သိုလှောင်လက်စွပ် ရပြီးနောက် ကျောက်တုံးနက် သွားရှာဖို့ စိတ်အားထက်သန်နေသည်။ သူ့စွမ်းအား မြင့်တင်ရန် စိတ်စွမ်းအင် ကျောက်တုံးအချောများ အသည်းအသန် လိုအပ်နေလေ၏။ ဤသို့သော နေရာတွင် စိတ်စွမ်းအင် ကျောက်တုံးအချောများ ရရှိနိုင်သည့် တိုက်ရိုက်နည်းလမ်းမှာ ကျောက်တုံးနက် တူးယူခြင်း ဖြစ်သည်။

“ အကြမ်းဖျင်းတော့ လတိုင်း သုံးကြိမ်လောက်ပဲ။ သူတို့ မိုင်းတွင်း နေရာခွဲပေးရင် လက်ပတ်ကတဆင့် အကြောင်းကြားလိမ့်မယ် ” ကျာချီက ပြန်ဖြေလိုက်သည်။

မိုဝူကျီက ကိုယ်ပိုင် လက်ပတ်ကို ကြည့်လိုက်သည်။ လက်ပတ်ပေါ်ရှိ အကြောင်းအရာမှာ ရှင်းလင်းလှပေရာ သုံးရက်အကြာတွင် မိုင်းတွင်း ခွဲဝေပေးမည် ဖြစ်၏။

လူသားသစ္စာ Translation Book 4 ( 401 - 500)Onde histórias criam vida. Descubra agora