အခန်း (၄၂၉)

1K 141 0
                                    

လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၂၉)  :  ကျုပ်ကို ယုံတာ ပိုကောင်းလိမ့်မယ်

အချိန်ကုန်လွန်လာသည်နှင့် အင်မော်တယ်တပိုင်းနဟ်ပယ် အပြင်ဘက်၌ ဖြစ်ပျက်လာသည့် ကိစ္စများမှာ အခြေအမြစ်မရှိသည့် စကားများသာ ဖြစ်လာလေ၏။

မိုဝူကျီက တံခါးပိတ်ကျင့်ကြံနေသောကြောင့် ဆရာကြီးဖူကျိနှင့် ကျန်လူများမှာလည်း ကျင့်ကြံခြင်း၌ အာရုံစိုက်ထားကြလိုက်သည်။ သူတို့အတွက် ကျောက်တုံးနက်တူးရမည့် ကိစ္စမှာ ထပ် မလိုအပ်တော့ပေ။

မိုဝူကျီ အကူအညီဖြင့် သူတို့တွင် အထူး သစ်သားစွမ်းအားများ သက်ရောက်မှု ရှိလာလျှင်ပင် စိုးရိမ်စရာ မလိုတော့ပေ။

မိုဝူကျီ လက်ချက်ဖြင့် အပြင်းအထန် ခံစားခဲ့ရသော်လည်း မုန့်ထျန်းယွီမှာ မိုဝူကျီဆီ ပြဿနာ သွားမရှာရဲချေ။ တစ်ဖက်တွင် သခင်ပုဆိန်က တစ်ခုခု ကြံစည်နေသည့်အလား  ခရီးများ ဆက်တိုက်ထွက်နေလေ၏။

.............

မိုဝူကျီအခန်းအတွင်း၌  သူ့ပတ်လည်မှ စိတ်စွမအင် ကျောက်ချောများမှာ အဆက်မပြတ် ကွဲကြေနေသည်။ သူ့ဘေးနားတွင် စိတ်စွမ်းအင် ကျောက်ချော အနည်းဆုံး သောင်းဂဏန်း ရှိလေ၏။ မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချောအတွက် စိတ်ပူနေရသည့် အချိန်မျိုး မဟုတ်တော့ပေ။ သူ့ စွမ်းအား စုစည်းခြင်း အစီအရင်မှ စုစည်းလာသော စွမ်းအားများ အပါအဝင် မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ရေထဲမှ ငါးတစ်ကောင်အလား ချောချောမွေ့မွေ့ အဆင်ပြေနေသည်။

"ခွမ်း "

ကျောက်ချောများက အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်၏။ လပိုင်းလေးအတွင်း မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ မြေကမ္ဘာအင်မော်တယ် အဆင့် ၂ ရောက်နေပြီ ဖြစ်သည်။ မြေကမ္ဘာအင်မော်တယ် အဆင့် ၂ ကျင့်ကြံသူ စုပ်ယူနိုင်သည့် ဝိညာဉ်စွမ်းအားများမှာ ပင်လယ်ကြီးလောက် ကျယ်ပြောသည်။ သို့သော်လည်း မိုဝူကျီက သူ့ကိုယ်သူ မချုပ်ထိန်းထားဘဲ စိတ်စွမ်းအင် ကျောက်ချောများစွာကို ထုတ်ယူကာ အားရပါးရ စုပ်ယူလိုက်သည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ