အခန်း (၄၁၃)

980 153 0
                                    

လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ ..... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၁၃)  :  ထိုသို့ လူစားမျိုး

“ဒါက တာအိုရောင်းရင်းမိုရဲ့ နေရာလေ “ ကျာချီက လော့ချွမ်းဟယ်ကို ခေါ်လာပြီးနောက် အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည်။

နောက်အခိုက်အတန့်လေး၌ ကျာချီနှင့် လော့ချွမ်းဟယ်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားတော့သည်။ အသက်ရှုကြိမ် အနည်းငယ် အကြာတွင် လော့ချွမ်းဟယ်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်  “ ညီလေးမိုက ကျင့်ကြံနေတာလား ”

လော့ချွမ်းဟယ်က အင်မော်တယ်တပိုင်းနယ်ပယ်ထဲ ရောက်နေသည်မှာ အချိန်ကာလတစ်ခု ရောက်ပြီဖြစ်ကာ ဘယ်အဖွဲ့အစည်းမှ မဝင်ရသေးသော်လည်း ဤအချိန်ပိုင်းလေးအတွင်း၌ အင်မော်တယ်တပိုင်းနယ်ပယ်အကြောင်း ပို၍ နားလည်လာသည်။

ဤနေရာမှာ အင်မော်တယ်တပိုင်းနယ်ပယ် ဖြစ်ကာ ရူးရူးမူးမူး ကျင့်ကြံ၍ မရပေ။ ကျင့်ကြံနှုန်း မြင့်လေလေ ဝိညာဉ်လမ်းကြောင်းကို သစ်သားဖြစ်လာနှုန်းက မြန်ဆန်လာလေလေ ဖြစ်သည်။ အကယ်၍ လူတစ်ယောက်က ထိုကန့်သတ်ချက်အထိ ရောက်ရှိသွားပါက သစ်သားဓာတ် ပျော်ဝင်ဆေးလုံးပင် အလုပ်မလုပ်တော့ပေ။

သူ မယုံကြည်နိုင်သည့် အကြောင်းအရင်းမှာ မိုဝူကျီက ရိုးရိုးတမ်းတမ်း ကျင့်ကြံနေရုံသာမက ကြောက်ခမန်းလိလိ နှုန်းဖြင့် ကျင့်ကြံနေခြင်း ဖြစ်သည်။ ဤနေရာ အခြေအနေကို အဝေးမှ စစ်ဆေးကြည့်ဖို့ရာ မဖြစ်နိုင်သော်လည်း အနီးရောက်လာသည်နှင့် ပတ်ဝန်းကျင် စွမ်းအားများအားလုံးမှာ မိုဝူကျီ နေရာထဲ စီးဝင်သွားကြောင်း ခံစားမိလိမ့်မည်။

သူတို့က ချဉ်းကပ်လာသည့်အခါမှ အာရုံခံမိခြင်းသည် မိုဝူကျီက စိတ်ဝိညာဉ်ဖုံးကွယ်ရေး အစီအရင်ကို တပ်ဆင်ထား၍ ဖြစ်သည်။

“သူက ကျင့်ကြံနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့  .. ” ကျာချီလည်း မိုဝူကျီ ကျင့်ကြံနှုန်းကို မြင်ကာ အံ့ဩတကြီး ဖြစ်မိနေသည်။ အကယ်၍ သူသာ ထိုသို့ ဆက်လက် ကျင့်ကြံပါက သူ့ဝိညာဉ်လမ်းကြောင်းများ ပျက်စီးမသွားစေဘူးလား ....

လူသားသစ္စာ Translation Book 4 ( 401 - 500)Nơi câu chuyện tồn tại. Hãy khám phá bây giờ