အခန်း (၄၉၃)

895 154 3
                                    

အခန်း  (၄၉၃)  :   အင်မော်တယ်ဝင်ရိုး မပါရှိဘဲ တက်လှမ်းခြင်း

မိုဝူကျီ  နှိုးလာသည့်အခါ မိုးကြိုးစမ်းသပ်ချက်မှာ ပြီးဆုံးသွားပြီး မနက်နေရောင်ခြည်က မိုဝူကျီဆီ ဖြာကျနေပြီး အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။

မိုဝူကျီက အင်မော်တယ်စွမ်းအား အမြောက်အများနှင့် အသိစိတ်ပင်လယ်ကို ခံစားမိလိုက်သည့်အခါ သူက  အသားကုန် ဟစ်ကြွေး၍ အော်ဟစ်လိုက်ချင်မိသည်။ သူက ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူထက် ဆယ်ဆမက အားကောင်းသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူ ဖြစ်နေလေပြီ။ ယခင် သူ ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိစဉ်က  ကျင်းရှန်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်ခြင်းမှာ ယုံရင်အစွန်းအဖျားနေရာရှိ မိုးနှင့်မြေ တားမြစ်ချက်များကြောင့်သာ ဖြစ်ပေသည်။ ထို့အပြင် ထိပ်တန်း ပါရမီရှင်များက ပြောင်းလဲမျှခြေ အဆောင်ကို အသုံးပြု၍  ယုံရင်အစွန်းအဖျားနေရာသို့ မလာချင်ကြပေ။

“ အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းဘဲ  ကျင်းရှန်းအဆင့်ထိ မတက်လှမ်းနိုင်ပေ”

ထိုစကားမှာ သူ့အတွက် မှန်ပုံ မပေါ်ပေ။ သူက အင်မောတယ်ဝင်ရိုးကို  မဖွဲ့စည်းနိုင်ခဲ့သော်လည်း အခြားလူများကဲ့သို့ ကျင်းရှန်းအဆင့် တက်လှမ်းနိုင်ခဲ့သေး၏။

မိုဝူကျီက အော်ဟစ်ချင်စိတ်ကို ထိန်း၍ မတ်တပ်ရပ်လိုက်ကြသည်။ မိုးကြိုးချက်များကြောင့်  သူ့အဝတ်အစားများမှာ စုတ်ပြတ်သပ်နေပြီး မျက်နှာနှင့်လည်ပင်း၌ အမာရွတ်များ ဒလပွ ဖြစ်နေသည်။ သူ့အတွင်း ဒဏ်ရာများ အားလုံးမှာ ပြန်ကောင်းလုနီးပါး ဖြစ်နေသော်လည်း သူ့အရေပြားပေါ်မှ အမာရွတ်များမှာ ပျောက်ကင်းမသွားသေးပေ။ သို့သော်လည်း မိုဝူကျီက သူ့အသက်ဓာတ် လမ်းကြောင်း တစ်ပတ် လှည့်ပတ်လိုက်ရုံသည်နှင့် ထိုမိုးကြိုးချက် အမာရွတ်များ ချက်ချင်း ပျောက်ကင်းသွားမည် ဖြစ်ကြောင်း သိပေသည်။

မိုဝူကျီက အသက်ဓာတ် လမ်းကြောင်းကို မလှည့်ပတ်ဘဲ သူ့အမာရွတ်များကို ဤအတိုင်း ထားထားလိုက်သည်။ သူက နာမည်ပြောင်းဖို့ရာပင် ကြံရွယ်ထားသေး၏။ သို့မဟုတ်လျှင် သူ ဘာကိုမျှ မလုပ်ခင်  အနည်းဆုံးတော့  လုံလုံလောက်လောက် အားကောင်းသည့်အထိ စောင့်ရပေမည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Tempat cerita menjadi hidup. Temukan sekarang