အခန်း (၄၆၃)

947 158 2
                                    

အခန်း  (၄၆၃)  :   ကောင်းကင်အင်မော်တယ်အဆင့်မျှဖြင့်

ဟန်ချင်းရုက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ မိုဝူကျီ၏ စွမ်းအားကို  သူမက  ကောင်းကောင်း သိထားသော်လည်း ယခုလေး ထုတ်လွှင့်လိုက်သည့် လက်သီးချက်မှာ   ကျိညီအစ်ကို ကို သတ်သည့်အခါထက်   အားပိုများပေသည်။ ထို့အပြင် မိုဝူကျီက ထိုလက်သီးချက်၌ အားကုန်  ထုတ်မထားကြောင်း သိထားသည်။ မိုဝူကျီက ကျိညီအစ်ကို ကို သတ်စဉ်က သူ့လက်သီးကို ထိပ်တန်းမီးတောက်တစ်ခုဖြင့် ပေါင်းစပ်ထားသေး၏။ အကယ်၍ မိုဝူကျီက ယခု လက်သီးချက်ကို ထိပ်တန်းမီးတောက်နှင့်သာ ပေါင်းစပ်လိုက်လျှင် ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်မှ ပိန်ပါးပါးလူသည် သေသွားလောက်ပေသည်။

မိုဝူကျီက ကောင်းကင်အင်မော်တယ်အဆင့် ရောက်သွားပြီများလား ..... ဒါပေမဲ့ သူမက သူ့စမ်းသပ်ချက်ကို မမြင်လိုက်ရပါဘူး .....

မိုဝူကျီက သာမာန် သေမျိုးတစ်ယောက်နှင့် တူပြီး သူ့ဆီမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအား အငွေ့အသက်များ မရှိချေ။ အပေါ်ယံကြည့်ရုံဖြင့်  သူက ကောင်းကင်အင်မော်တယ်အဆင့် ရောက်နေပြီလား ဒါမှမဟုတ် မြေကမ္ဘာအင်မော်တယ်အဆင့် ရောက်နေပြီလား ဆိုတာ မပြောနိုင်ပေ။

“ ဘာလို့ မင်းက ထောင်ချောက် အစီအရင်ကို မကြောက်ရတာလဲ”  ဝေကုန်းဖုန့်က အသက်ပြင်းပြင်းရှုကာ  မယုံကြည်နိုင်စွာ မေးလိုက်သည်။

မိုဝူကျီက လက်ကို မြှောက်ကာ အစီအရင်အလံအပိုများ ထပ်ပစ်လွှတ်လိုက်ပြီးနောက် မထူးမခြားနားစွာ ပြောလိုက်သည်

“အခု  လျော်ကြေးအကြောင်း ဆွေးနွေးကြတာပေါ့။ ခင်ဗျားတို့က ကျုပ်ရဲ့စီနီယာအစ်မအပေါ်  လိမ်ညာပြီးတော့ ခိုင်းခဲ့တယ်လေ။ အဲတော့   အင်မော်တယ်ကျောက် ဘယ်လောက် ပြန်ပေးဖို့ စိတ်ကူးထားလဲ ”

ဝေကုန်းဖုန့် က ထိုစကားများကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်သည်နှင့် သူ့လက်အတွင်း ဓားပျံတစ်ချောင်း ပေါ်လာသည်။

ဝေကုန်းဖုန့်က ဓားပျံ မပစ်ရသေးခင် ကျူးယိရန်က ရုတ်တရက် သူ့လက်ကို ဆွဲတားကာ

လူသားသစ္စာ Translation Book 4 ( 401 - 500)Donde viven las historias. Descúbrelo ahora