အခန်း (၄၉၆) : အမျိုးသမီးနဲ့ ကျုပ် ကိုယ်စား လက်ထပ်ဖို့ ကူညီပေးပါ
မိုဝူကျီက ရပ်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသည်က ဟောင်းလောင်းဖြစ်နေသည့် အုတ်ဂူကြီး ဖြစ်၏။ ထိုအုတ်ဂူ ကျောက်တိုင်ကို ဘေးလွှင့်ထားပြီး ကျောက်တိုင်အပြင်ဘက်၌ အလောင်းဆယ်လောင်းကျော် ရှိနေသော်လည်း မည်သူမျှ မမြင်တွေ့မိပေ။ သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများက ထိုအဝင်ဝမှ ထွက်ပေါ်နေလေ၏။ မိုဝူကျီက နောက်ဆုံးမှ ရောက်လာသူ ဖြစ်သော်လည်း ထိုအုတ်ဂူမှာ မရိုးရှင်းကြောင်း ပြောနိုင်သည်။
ခဏတာ တွေဝေနေပြီးနောက် မိုဝူကျီလည်း ထိုအုတ်ဂူထဲ တန်းဝင်သွားလိုက်သည်။
မီတာအနည်းငယ် ကျယ်ဝန်းသော လမ်းကျဉ်းလေးက မိုဝူကျီရှေ့ ပေါ်လာသည်။ အကယ်၍ သူသာ ဤအရာမှာ အုတ်ဂူဖြစ်ကြောင်း မသိလျှင် မိုဝူကျီက ဆင်ခြေလျှောလမ်းတစ်ခု ဖြစ်ကြောင်း တွေးမိပေလိမ့်မည်။
မိုဝူကျီက အမြန်နှုန်း မြှင့်လိုက်ပြီး အမွေးတိုင်တစ်ဝက်စာကြာချိန်တွင် သူက နေရာကွက်လပ်အသေးလေး တစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာ၌ ထောင်မတ်ထားသော ရုပ်တု ဆယ်ခု ရှိနေပြီး ထိုရုပ်တုများရှေ့၌ စားပွဲတစ်လုံးစီ ရှိနေကာ ထိုစားပွဲပေါ်၌ စာလုံးကြီးများ ဖော်ညွှန်းပြသထားသည်။ နေရာဝန်းကျင်၌ အနည်းဆုံး လမ်းကြောင်း ဆယ်ခုရှိနေသေး၏။ သူ့စိတ်စွမ်းအားနှင့် အာရုံခံပြီးနောက် မိုဝူကျီက လမ်းတစ်ခုချင်းစီမှာ ခန့်မှန်းမရသည့် အနက်ပိုင်းအထိ ဦးတည်ထားသည်ကို ခံစားမိလိုက်ပြီး ကြည့်ရသည်မှာ မြေအောက်ဝင်္ကပါနှင့် တူပေသည်။
မိုဝူကျီ၏ စိတ်စွမ်းအားက အကြီးဆုံး ရုပ်တုဆီ ကျရောက်လာသည်။ ထိုစားပွဲပေါ်၌ “ အသက်မဲ့ ဧကရာဇ်” ဟု၍ ပါရှိသည်။ ထို့အပြင် အသက်မဲ့ ဧကရာဇ်က အသက်မဲ့ တာအိုဂိုဏ်း၏ ဘိုးဘေး ဘီဘင် အဖြစ် လုပ်ဆောင်ခဲ့သည့်အရာများကို မှတ်တမ်းတင်ထားသည်။ ထိုမှတ်တမ်းများအရ မိုဝူကျီပင် အသက်မဲ့ တာအိုဂိုဏ်းမှာ အသက်မဲ့ မြစ်နှင့် စတင် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ပြောနိုင်သည်။ ပြောရမည်ဆိုလျှင် အသက်မဲ့မြစ်မှာ အသက်မဲ့ တာအိုဂိုဏ်းထက် သက်တမ်းရင့်ပေ၏။
![](https://img.wattpad.com/cover/234026072-288-k505135.jpg)
BẠN ĐANG ĐỌC
လူသားသစ္စာ Translation Book 4 ( 401 - 500)
Viễn tưởngsequence of Book 3 ~~~ All credits given to original author