အပိုင်း ၄၆ (Uni)

3.8K 180 11
                                        

အပိုင်း ၄၆
.
.
.
" သွင်လေးအနားကနေ ပျောက်ကွယ်သွားပေးပါ ဦးမင်းဝဠာတိုင်း "

အေးချမ်းသောအပင်ရိပ်မှာ ရပ်နေရသော်လည်း အေးချမ်းမှုကိုမခံစားရ။
သူ့ကိုမော့ကြည့်ပြီး ပြောနေသည့်ဆယ်ကျော်သက်ကောင်လေးကိုသာ ငေးကြည့်ရင်း တိုင်း ဘာပြောရမည်ကိုသာစဥ်းစားနေမိ၏။

" ဖြစ်နိုင်ရင် သူ့ဘဝထဲကနေ အပြီးအပိုင်ထွက်သွားစေချင်တယ် ။ ခင်များကြောင့် သွင်လေးအခုလိုတွေဖြစ်ရတာ ခင်များသိတယ်မလား?? သွင်လေးဘက်ကိုလဲ တွေးပေးလို့ရမလား  "

ထပ်ပြီးပြောလာသောစကားများက အမှန်တရားတစ်ခုပင်ဖြစ်သော်လည်း သူငြင်းချင်သေးသည်။
ကလေးငယ် အခုလိုထပ်မဖြစ်ရအောင် သူကာကွယ်ပေးနိုင်သည်ဟု။
သို့ပေမဲ့ သူပြောမထွက်ခဲ့။
ထိုကောင်လေးပြောသလို ကလေးငယ်ဘက်ကိုလည်း သူတွေးပေးရဦးမည်လေ။

သူ့ကြောင့်ကြုံခဲ့ရတဲ့အခက်အခဲတွေကြားမှ  သီသီလေးလွတ်မြောက်လာသည့်ကလေးငယ်ဟာ သူ့ကိုထပ်ပြီးလိုအပ်ပါအုံးမလား???
သူနဲ့ထပ်ပြီး နေချင်ပါအုံးမလား??
သူ့မျက်နှာကို ထပ်ပြီး ကြည့်ချင်ပါအုံးမလားလေ?

" ကျွန်တော်တို့ရဲ့သဘောတူညီချက်အတိုင်း သွင်လေးကိုစောင့်ရှောက်ပေးမှာမို့ သူ့အနားက ထွက်သွားပေးပါ။ နောက်ပြီး ကျွန်တော်ဘယ်သောအခါမှ စည်းဖောက်ပြီး သူ့ကိုချစ်ကြောင်းပြောမှာမဟုတ်လို့....ခင်များစိတ်ချထားလိုက် ဦးမင်းဝဠာတိုင်း ။ ကျွန်တော့်အချစ်က ရယူခြင်းမဟုတ်သလို ပိုင်ဆိုင်လိုခြင်းလဲမဟုတ်တဲ့ ပေးဆပ်မှုလေးပဲဖြစ်လို့ ထာဝရစောင့်စည်းပြီး ရိုးသားနိုင်ပါတယ် ။ ခင်များသာ သူ့အနားမှာမရှိဘူးဆိုရင်ပေါ့..."

လက်သီးကိုသာတင်းတင်းဆုပ်ပြီး ထိုကောင်လေး၏စကားသံတွေအောက် တိုင်း ကျောက်ရုပ်တစ်ရုပ်လိုရပ်နေခဲ့ရသည်။
ပြန်ပြောစရာ စကားမရှိ....
စကားလုံးပေါင်းစွာရှိပေမဲ့ အခုအခြေအနေနဲ့သင့်တော်မဲ့ စကားလုံးကို တိုင်း ရှာလို့မတွေ့ခဲ့ဘူး။

သူတကယ်ပဲ ထိုကလေးငယ်ကို တွေ့ခွင့်မရှိတော့ဘူးလား??
'ဦးတိုင်းကို ကာကွယ်ပေးချင်တယ်' ဆိုတဲ့ စကားတွေဟာ သိပ်တော့ယုံကြည်စရာမရှိပေမဲ့ သူလျစ်လျူမရှုနိုင်ဘူး။

3. NEEDED ( Completed) Where stories live. Discover now