အပိုင်း ၅၂ (Uni)

3.4K 175 10
                                    

အပိုင်း ၅၂
.
.
.
လေယာဥ်ပေါ်ကမြင်နေရသော အမိမြန်မာပြည်၏တိုးတက်ပြောင်းလဲမှုများကို မျက်စိပဒေသာခံပြီးကြည့်ရှုနေသော လူငယ်တစ်ယောက်သည် ၆ နှစ်ကျော် ၇နှစ်နီးပါး ခွဲခဲ့ရသည့်မိခင်ရေမြေကို အလွန်အမင်းလွမ်းဆွတ်နေသကဲ့သို့ စက္ကန့်လေးတောင် မလွတ်စေဘဲ ငေးကြည့်လို့နေလေ၏။ ခြေချိတ်ထိုင်နေသည့်ထိုလူငယ်သည် သူ၏ပေါင်ပေါ်ရှိလက်တစ်ဖက်ကို တလှုပ်လှုပ်ကစားနေလျက်ရှိပြီး ထူးပြည့်ပြည့်နှုတ်ခမ်းတို့က ပြုံးလျက်သာ။

အနည်းငယ်ဝိုင်းသောမျက်လုံးနက်နက်လေးများသည်လည်း ပြုံးရယ်မှုကြောင့် မသိမသာကျဥ်းမြောင်းလို့နေ၏။ ငွေရောင်နားဆွဲသေးသေးလေးကတစ်ဖက် ၊ ငွေရောင်နားကွင်းသေးသေးလေးကတစ်ဖက်ဖြင့် နားရွက်နှစ်ခုကိုဝတ်ဆင်ထားဟန်မှာ လူငယ်ဆန်ပြီး ရင့်ကျက်နေသည့် ခပ်မိမိလူဆိုးလေးလိုပါပဲ။ ပင်ကိုယ်အညိုရောင်လေးဖြစ်သည့် ဆံပင်သားပျော့ပျော့လေးများကို သားရေကြိုးကွင်းဖြင့် နောက်တွင်မမှီမကမ်းစည်းနှောင်ထားသည်ကြောင့် တချို့ဆံစများက ဘယ်ဘက်နားရွက်ဖျားပေါ်တွင် ကျ၍နေသည်။ထိုဆံစတို့ကြောင့် ငွေရောင်နားဆွဲမျှင်မျှင်လေးက မလက်တလက်သာအရောင်ထွက်နေ၏။

လေယာဥ်ဆိုက်သည်နှင့် ကြိုမည့်သူမရှိသောလေဆိပ်ကို ကျော်ဖြတ်ကာ အပြုံးတို့ဖြင့်လမ်းလျှောက်လာသည့်ထိုလူငယ်သည် လေဆိပ်ပြင်ပတွင်ရပ်ထားသော မီးခိုးရောင်ကားအကြီးကြီးပေါ်သို့  တက်သွားလေသည်။
သူ၏နောက် မလှမ်းမကမ်းတွင်လိုက်ပါလာသော luggage နှစ်လုံးနှင့်လူငယ်ကတော့ အတော်ပင် ပင်ပန်းနေသည့်ဟန်ဖြင့် မျက်နှာတစ်ခုလုံးအိုစာနေ၏။
ထိုအိုစာမျက်နှာနဲ့လူငယ်သည် ကားကြီးအနားရောက်သည်နှင့် လက်ထဲကluggage တွေကို ကားအနောက်ဖုံးထဲ ထိုးကြိတ်ထည့်ကာ အော်ပြောလာတော့သည်။

" ချီးပဲ!...
မောင့်ရဲ့အစုတ်ပလုပ်ငှက်ဆိုးလေး ငါ့ချည့်အနိုင်ကျင့်နေ!
နောက်တစ်ခါဆို နှလုံးသားထဲထည့်ပြီး ရင်ခွင်ထဲသိမ်းပစ်မှာဗျ !ဟူး.....မောတာ "

ပါးစပ်ကလည်းရွတ်ရင်း လက်ကလည်းလှုပ်ရင်း luggageတွေထည့်ပြီးသည့်အခါ ကားပေါ်တက်သည်။

3. NEEDED ( Completed) Where stories live. Discover now