အပိုင်း ၃၁
.
.
.
မျက်လုံးဖွင့်လိုက်သည်နှင့် အဖြူရောင်မျက်နှာကြက်ကိုမြင်လိုက်ရသည့်အခါ နီရဲသောနှုတ်ခမ်းပါးလေးများ တွန့်ကွေးသွားသည်။ ထို့အတူ ကြည်လင်ဝင်းပသွားသောမျက်နှာလေးနှင့် ထိုကောင်လေးသည် ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်လို့နေလေ၏။" တိုင်းလေးရေ နိုးပြီလား!! "
အခန်းတံခါးမခေါက်ဘဲ လှမ်းအော်နေသည့် အခန်းအပြင်ကအသံကို ရေချိုးခန်းထဲမှ ကောင်လေးမကြားနိုင်ပါ။
ထိုအခါ တံခါးဖွင့်သံသဲ့သဲ့နှင့်အတူ ရှင်းသန့်သောအပြာရောင်အရိပ်ကလေးက အခန်းအတွင်းဝင်ရောက်လို့လာသည်။" နိုးတောင်နိုးနေပြီပဲ "
တိုးတိုးရေရွတ်ရင်း အိပ်ရာပေါ်ကစောင်တွေကို ခေါက်ပေးနေသော ရှိုင်းဘုန်းမာန်။
ထိုအချိန်မှာပဲ ရေချိုးခန်းတံခါးဖွင့်သံကိုကြားလိုက်ရသည်။" ကိုကိုက မင်းကိုလာနှိုးတာ ။ ဒီနေ့အစောကြီးနိုးနေပါလား တိုင်းလေးရ "
ခေါင်းညိတ်ပြပြီး ခေါင်းအစိုကိုသာ တဘက်ဖြင့်သုတ်နေသော ကလေးငယ်ကြောင့် ရှိုင်းဘုန်းမာန်အသည်းယားသွားရသည်။
ရောက်ကတည်းက စကားသိပ်မပြောသည့် ထိုကလေးကို စိမ်းသေးလို့သာဟုထင်မိခဲ့သော်လည်း တစ်လကျော်သည်အထိ ထိုအတိုင်းသာပင်ဆိုတော့ ရှိုင်းဘုန်းမာန်တစ်ယောက်ထူးဆန်းနေသလိုခံစားရသည်။သူ့ဘက်က ဘယ်လောက်ရင်းနှီးပြပြ ထိုကလေးငယ်ရဲ့မျက်နှာအနေအထား တစ်ချက်လေးတောင် မပြောင်းလဲ။" လာခဲ့ ကိုကိုခေါင်းသုတ်ပေးမယ် "
ချိုသာစွာခေါ်လိုက်သော်လည်း တုံ့ပြန်မှုကအကြည့်စူးစူးတစ်ချက်သာ။
" လာပါဆိုကွာ ။ မေမေတို့က အောက်မှာစောင့်နေပြီ ။ ပြီးရင် ဘုရားသွားကြမယ်တဲ့ ။ နောက်ကျနေရင် ကိုကိုပဲအပြောခံရမှာကွ လာ မြန်မြန် "
အဲ့တော့မှ သူ့ဆီကိုတွန့်ဆုတ်တွန့်ဆုတ်ရောက်လာလေသည်။ထိုကလေးငယ်ကို အိပ်ရာပေါ်ထိုင်ခိုင်းပြီး လက်သေးသေးသွယ်သွယ်တွေဆီမှတဘတ်ကိုဆွဲယူကာ ရေစိုစိုဆံပင်ဖြူလေးတွေကို ဂရုတစိုက်သုတ်ပေးလိုက်ရင်းက

YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...