အပိုင်း ၄၅
.
.
.
ကားမောင်းနေရင်း messageဝင်သံကြောင့် တိုင်း ဖုန်းကို တစ်ချက်ကောက်ယူကြည့်လိုက်သည်။
*ဂိုဒေါင်နီ တည်နေရာ(-) *
တစ်ကြောင်းတည်းသောစာကို တွေ့လိုက်ရသည့်နောက် ' လွန်းကမ္ဘာ ' စံအိမ်သို့ဦးတည်နေရာမှ Vရန်ပြောသည့်နေရာကို ကားခေါင်း လှည့်လိုက်သည်။
ပူပြင်းပြင်းနှလုံးသားဟာလည်း စူးနစ်ကျင်တက်နေခဲ့လျက်။
ငါ့ရဲ့ယုံကြည်မှုကို အလေးထားပေးပါလား Vရန်~~
ဒီတစ်ခေါက် မင်းသာ လုပ်နိုင်ခဲ့ရင်...
ငါ့ဘက်က မင်းအတွက်လွတ်လပ်ခွင့်ပေးတော့မှာမို့်~~
နောက်ဆုံးအဖြစ် မင်းရဲ့ကတိတရားကို
ငါယုံကြည်လို့ရနိုင်မလား~~
Vရန်ပို့လာသောmessageကို တစ်စုံတစ်ယောက်ဆီကိုလည်း ထပ်တူညီစွာပြန်ပို့ပေးလိုက်ပြီးနောက်မှာတော့ ကားကိုသာအရှိန်မိုင်ကုန်မြှင့်ရင်း ။
မင်းအဖေရဲ့ရက်စက်မှုကို မင်းလဲမျက်ဝါးထင်ထင်တွေ့ရမယ် လွန်း~~
မဟုတ်ရင် တရားမျှတမှုအတွက် အဖြေရှာတဲ့အခါ နစ်နာသူက ငါတို့မဟုတ်မှာကြောက်တယ်~~
ကြုံးဝါးမှုတစ်ခုနှင့် အေးစက်စက်မျက်နှာဟာ ပိုပြီးခက်ထန်သွားခဲ့သည်။
ဖုန်းကိုင်ထားသောလက်တစ်ဖက်သည်လည်း သွေးကြောများပေါက်ထွက်မတတ် တင်းကျပ်နေခဲ့လေ၏။
>>>>>>>>>>>>>>>>>>>>>>>>>>>>
ဂိုဒေါင်အများစုရှိသောနေရာတွင် မြေကွက် ကျယ်ကြီးတစ်ခုနှင့်အနီရောင်ဂိုဒေါင်တစ်လုံးဟာ အခြားဂိုဒေါင်များနှင့်ကွဲထွက်စွာတည်ရှိနေသည်။
အနီရောင်ဂိုဒေါင်ဆောက်ထားသည့် မြေကွက်ကျယ်ကြီးသည် ပေပေါင်းများစွာကျယ်ဝန်းသည်မို့ အခြားဂိုဒေါင်များနှင့် တော်တော်လေးဝေးလွန်း၏။
လှမ်းခေါ်ရင်တောင် ကြားလောက်မည့်အနေအထားတွင်မရှိ။
ထိုမျှလောက် ကျယ်သော မြေကွက်လပ်ကြီးဖြစ်သည်။
အနီးသို့ရောက်လာလေလေ Vရန့်၏နှလုံးခုန်သံ ကျယ်လာလေလေဖြစ်သည်။
ဒုတိယအကြိမ်ရောက်လာခဲ့ရသော ထိုဂိုဒေါင်နီကြီးသည် ပထမအကြိမ်ကဲ့သို့ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြန်သည်။
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
