အပိုင်း ၅၀ (Uni)

4.2K 185 10
                                        

အပိုင်း ၅၀
.
.
.
" သခင်လေးတို့ လေယာဥ်ဆင်းပါပြီ "

အနက်ဝတ်စုံနှင့်လူကြီးက ခေါင်းငုံ့ပြီး ပြောလာလေသည်။
ထိုအခါ မင်းဝဠာတိုင်း၏အကြည့်တို့က အိပ်ရာပေါ်လဲလျောင်းနေသူထံသို့ ဖြည်းဖြည်းရွေ့လျားသွားသည်။ပျော်ရွှင်ကြည်နူးများပြည့်လျှံနေသည့် မျက်ဝန်းဖျော့ဖျော့တွေက ဝမ်းသာရွှင်မြူးစွာအရောင်တောက်ပနေ၏။
မှိုင်းရီညိုဝေနေသောမျက်နှာက ယခုတော့လည်း အပြုံးပန်းတစ်ရာပွင့်ဖူးလာသလို ကြည်လင်နေခဲ့ရာ

" ကျွန်တော်သွားတော့မယ် အဖိုး "

ဆုပ်ကိုင်ထားသည့်လက်ကို အိပ်ရာပေါ်အသာပြန်ချရင်း ပြောလိုက်မိသည်။

မိသားစုဝင်မဟုတ်တဲ့သူက ဒီလိုနေရာမျိုးမှာမှ မရှိသင့်ဘဲလေ!

တိုင်း တားမြစ်ချင်နေသောအဖိုး၏မျက်နှာကို အကြည့်လွှဲပြီး ထိုင်နေရာမှထကာ တံခါးဆီသို့ဦးတည်လိုက်သည်။

သို့ပေမဲ့ စိုးရိမ်ပူပန်နေဟန်ပေါ်သည့် အဖိုးအား နောက်ပြန်လှည့်ကြည့်ပြီး ခေါင်းငုံ့ဦးညွတ်လိုက်ပြီးနောက်

" စိုးရိမ်မနေပါနဲ့ အဖိုး ။ ကျွန်တော့်ကတိ ကျွန်တော်တည်မှာပါ "

မိနစ်ပိုင်းလောက်ငြိမ်သက်သွားသည့်အခန်းကျယ်တွင် ရှိုက်သံတစ်ချက်မတိုးမကျယ်လွတ်ထွက်လာသည်။
ထို့နောက် အခန်းထဲမှ ခြေသံတစ်စုံ တရွေ့ရွေ့ပျောက်ကွယ်သွားတော့သည်။
လဲလျောင်းနေသူ၏ပါးပြင်ထက်မှာလည်း မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလို့။
ဝေဝါးနေသောအမြင်အာရုံဟာ မျက်ရည်တို့ကြောင့်လည်း ဖြစ်နိုင်သလို
ထွက်သွားခါနီးလို့လည်း ဖြစ်နိုင်၏။
ဦးတိုင်းအာဏာက ပင့်သက်တစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် မှုန်ဝါးနေခဲ့ပြီးသောအမြင်အာရုံကို ပိတ်ပစ်သည်။ ပြီးတော့ အသံတိုးတိုးဖြင့်.......

" နှုတ်..ဆက်..ပါ...တယ်.."

ငြိမ်သက်သွားသော နှုတ်ခမ်းလွှာတွေ။ ရပ်တန့်သွားသော အသက်ရှူသံ။ ထိုအခိုက်အတန့်မှာ တံခါးဝဆီက လူကြီးသည်လည်း ခေါင်းငုံ့ပြီးဒူးထောက်သွားလေသည်။

3. NEEDED ( Completed) Where stories live. Discover now