အပိုင်း ၁၃ (Uni)

5.8K 371 22
                                        

အပိုင်း ၁၃
.
.
.
မန္တလေးရောက်ပြီး ဒုတိယနေ့မှာတော့ သူသွားချင်ခဲ့သော ကျုံးကြီးကို ရောက်ခဲ့သည်။ မနက်ခင်း နေရောင်ခြည်မဖြာခင် ကျုံးကြီးနံဘေးကို ဦးတိုင်းနှင့်အတူ လေညင်းခံရတာက သူ့ရဲ့ ဖြစ်ချင်ခဲ့သော ဆုတောင်းတွေထဲက တစ်ခု။တသုန်သုန် တိုက်ခတ်လာသော လေညင်းလေးတွေကြောင့် ဦးတိုင်းရဲ့ ငွေဖြူရောင် ဆံပင်သွဲ့သွဲ့လေးတွေက ဖြူဖွေးသော နဖူးကျဥ်းလေးအပေါ် လှပစွာလှုပ်ခါယမ်းနေကြသည်။

ဘေးချင်းယှဥ်လျှောက်နေရာမှ တစ်ချက်တချက် ဦးတိုင်းဆီက ချယ်ရီရေမွှေးနံ့သင်းသင်းလေး သူ့ဆီကို ပျံ့လွင့်လာတတ်သည်။ ကိုယ်သင်းရနံ့ရောသော ချယ်ရီရေမွှေးနံ့လေးသည် အခုလိုသာယာသော မနက်ခင်းလေးနှင့် လိုက်ဖက်စွာ သူ့အနားတွင် ဝေ့သီလို့နေပါ၏။

ကျွန်တော် ဂျူလိုင်လရဲ့မနက်ခင်းတွေကို ချစ်လိုက်တာ!

ဦးတိုင်းဆိုသော ကျွန်တော့်ရဲ့ နတ်ဘုရားနှင့်တူသော လူသားတစ်ယောက်ကြောင့် ကျွန်တော်ဟာ ဂျူလိုင်လရဲ့မနက်ခင်းတွေကိုတောင် ချစ်တတ်ခဲ့သည်။ ကျွန်တော့်အတွက် ပြီးပြည့်စုံသော မနက်ခင်းဆိုတာ မျက်စိအဖွင့်မှာ ငွေဖြူရောင်ဆံနွယ်တွေကို မြင်တွေ့ခွင့်ရနေတာမျိုး။
ကျွန်တော့်ရဲ့ ပျော်ရွှင်မှုဆိုတာ ဦးတိုင်းကို အမြဲငေးနေခွင့် ရနေတာမျိုး။
ကျွန်တော့်ရဲ့ လုံခြုံမှုဆိုတာ ဦးတိုင်းအနားမှာရှိနေတာမျိုး။

ရှေ့ကိုသာ မျက်နှာမူထားသော ဦးတိုင်းရဲ့ မျက်နှာကို ဘေးကနေ မော့ငေးကြည့်နေရုံနှင့် ကျွန်တော့်အတွက် လောကကြီးဟာ ပြည့်စုံနေခဲ့သည်။

"ဦးတိုင်း"

ကျွန်တော့်ရဲ့ ခေါ်သံကြောင့် ဦးတိုင်းက လမ်းလျှောက်နေရင်း ဘေးတစောင်းနှင့်ပင် လှည့်ကြည့်လာသည်။ စူးရှနေသော အညိုရောင်မျက်လုံးတို့ကို မြင်ရချိန်တွင် ဘေးနားက ကားသံ၊လူသံ ဆူဆူညံညံအသံများ ပျောက်ကွယ်သွားသလိုတောင် ထင်မိလိုက်၏။

"ဦးတိုင်းအသက် ဘယ်လောက်လဲဟင်?"

ကျွန်တော့်နှုတ်က ထွက်ကျသွားသော စကားလုံးတို့သည် အခုလို သာယာနေသော နံနက်ခင်းလေးနှင့် မဆီလျော်ခဲ့ပေ။သာယာအေးချမ်းလှသည့် နံနက်ခင်းလေးမှာ ကျုံးနံဘေးလေးညင်းခံလမ်းလျှောက်ရင်း ပြောမိသောစကားက အသက်အရွယ်အကြောင်းတဲ့လား?မဆီလျော်မှန်းလည်း သိပါရဲ့။မမေးသင့်သော မေးခွန်းတစ်ခုလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။သို့ပေမဲ့ ကျွန်တော်သိချင်ခဲ့သော မေးခွန်းတစ်ခုမို့ အရဲစွန့်ကာ မေးမိသည်။
ဦးတိုင်းရဲ့ တုံ့ပြန်အဖြေကို ခေါင်းအညောင်းခံပြီး မော့ငေးကာ စောင့်နေပေမဲ့ ပြန်ရလိုက်တာက ရှက်ပြုံးလို့ မဆိုသာသော အပြုံးနုနုတစ်ခု။

3. NEEDED ( Completed) Where stories live. Discover now