အပိုင်း ၄၃ (Uni)

3.4K 180 9
                                        

အပိုင်း ၄၃
.
.
.
တိမ်သားများကင်းလွတ်နေသော ကောင်းကင်ပြာလှလှနှင့်အစပြုသည့်နွေမနက်ခင်းလေးမှာ မြတ်နိုးရသောငှက်ကလေးတစ်ကောင်သည် မျက်စိမှောက်ပြီး၍လား?  တမင်သက်သက်ပဲလား? သူ့ထံရောက်လာခဲ့သည်။
အပြုံးယဲ့ယဲ့နဲ့ထိုငှက်ကလေးကို လှိုက်လှိုက်လှဲလှဲပျော်ရွှင်မှုများဖြင့် သူ့နှလုံးသားနေရာမှ ကြိုဆိုလိုက်သည်။

မောင့်ရဲ့ငှက်ငယ်လေး မပျော်ရွှင်ရင်တောင် ရယ်လာဖို့အတွက် မောင် လူရွှင်တော်လေးဖြစ်ပေးမယ်~~~
ငှက်ငယ်လေးမျက်နှာထက် အပြုံးတို့ဝေဆာဖို့က မောင့်နှလုံးသားရဲ့ တာဝန်မို့....

အခန်းလွတ်တွေရှိသော်လည်း နှစ်ယောက်တစ်ခန်းပဲနေချင်တယ်ဆိုသော သူ့ကြောင့် မတတ်နိုင်တဲ့ဖေဖေတို့က လိုက်လျောပေးခဲ့သည်။
ငှက်ငယ်လေးရဲ့ငြင်းဆိုချက်ကို မကြားရသေးခင်ပဲ ဖေဖေတို့ကိုအပူကပ်လိုက်ခြင်းက သူ့အတွက်တော့ ကြီးမားသောဉာဏ်ပြေးပုံတစ်ခုဖြစ်ခဲ့၏။

ကျယ်လွန်းသည်ပြောမရသော်လည်း မကျဥ်းလှသောအခန်းလေးထဲတွင် ကုတင်နှစ်လုံးက နံရံအခြေတစ်ဖက်တစ်ချက်စီမှာ။
ကုတင်နှစ်လုံးရဲ့အကွာအဝေးက သိပ်မရှိလှသော်လည်း သူ ကိုယ့်အခန်းကိုအပြစ်တင်လိုက်မိသည်။
ဘာလို့များ သိပ်ကျယ်နေခဲ့သလဲ အခန်းကြီးရယ်~~~လို့။
ဖြစ်နိုင်ရင် တစ်ယောက်အသက်ရှူသံတစ်ယောက်ကြားနေရလောက်တဲ့အထိ ကျဥ်းကျပ်ပေးပါလား~~~

ရောက်လာကတည်းက အခန်းထဲမှာပဲ လဲလျောင်းနေသောငှက်ငယ်လေးကြောင့် သူ့စိတ်တို့ပျော်ရွှင်နေပမဲ့လည်း ညစ်ထွေးရသည်။

" သွင်လေး နေ့လယ်စာစားချိန်ရောက်ပြီ ။ ထတော့ "

နံရံဘက်ကိုမျက်နှာမူလဲလျောင်းနေသော အသွင်ရိုင်း၏ပခုံးတစ်ဖက်ကို ဆုပ်ကိုင်ပြီး သူ လှုပ်နှိုးလိုက်မိသည်။ ထိုအခါ

" အေး ။ ဆောရီး ငါအိပ်ပျော်သွားတယ် "

မလိုအပ်သောစကားတွေကိုသုံးပြီး ကုတင်ပေါ်ကထထိုင်လိုက်သော အသွင်ရိုင်း၏မျက်နှာတစ်ခုလုံးသည် အလွန်စိတ်ညစ်ဝမ်းနည်းနေသည့်ပုံပေါ်လွင်နေလျက်။
သူ့မျက်လုံးထဲမှာအမြဲရှိနေခဲ့သော ဂျစ်ကန်ကန်မျက်နှာလေးသည် ယခုများတော့ နီစွေးနေပြီး မျက်ခွံ့လေးများတောင် မို့မောက်နေလေပြီ။
ဖိကိုက်ထားပုံပေါ်သည့် အောက်နှုတ်ခမ်းထူထူလေးက သွေးရင့်ရောင်လွှမ်းနေပြီး ဘယ်ဘက်ထောင့်စွန်းလေးတွင် သွေးစို့စို့အပေါက်သေးလေးတစ်ခုလည်း မထင်မရှားရှိနေသည်။

3. NEEDED ( Completed) Where stories live. Discover now