အပိုင်း ၄၀
.
.
.
ခမ်းနားလှပသောဧည့်ခန်းကျယ်ကြီးအတွင်း ဒေါက်ဖိနပ်သံကျယ်ကျယ်သည် တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည့်အတိုင်း အောင်အောင်မာမာထွက်ပေါ်လာသည်။ အလုပ်ရှုပ်နေသော အလုပ်သမားများသည် ထိုအသံကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကာ အလွဲလွဲအမှားမှားဖြစ်ကုန်၏။
လှမ်းကြည့်စရာမလိုဘဲ ဘယ်သူပါဆိုတာကို ထိုဖိနပ်သံကျယ်ကျယ်က ပြောပြနေသည်မဟုတ်ပါလား။
" အားလုံး သေသေချာချာဂရုစိုက်လုပ်ကြ ။ တစ်ခုခုမှားလို့ကတော့ နင်တို့အကုန် လစာမရတဲ့အပြင် အပြစ်ပေးပါခံရမယ် ။ ကြားလိုက်တယ်မလား.....၅လက်မဒေါက်ရဲ့အသံချိုချိုကိုလေ....."
ခေါင်းငုံ့နေသည့်အလုပ်သမားအားလုံး အသက်ပင်ရဲရဲမရှူရဲကြ။
ကြားခဲ့လိုက်ရသော ဒေါက်သံကျယ်ကျယ်ကို ပြန်တွေးမိတော့ တစ်ကိုယ်လုံးကြက်သီးများပင်ထသည်အထိ တုန်လှုပ်သွားကြသည်။ သူမသည် အေးအေးလူလူပဲ အပေါ်ထပ်ကို ကြွရွစွာ တက်သွားလေပြီဖြစ်သည်။ ထိုမှသာ အသက်ရှူသံများ ပြန်လည်ထွက်ပေါ်လာပြီး ပင့်သက်များချကြတော့သည်။
သူတို့အတွက် သူမရှိသောတစ်စက္ကန့်သည် သားရဲတွင်းထဲတစ်နာရီနေရသလို ကြောက်လန့်နေရ၏။
ဘယ်လောက်ပဲကြောက်ကြောက် မကြာခင်အချိန်မှာ သူမက ဒီအိမ်ရဲ့သခင်မဖြစ်လာတော့မည်။
သူ့တို့အတွက် နေ့ရက်ဆက်ငရဲတွေ ကြုံတွေ့ရပေတော့မည်။
စံအိမ်ရဲ့အနာဂတ်က သူမလက်ထဲသာကျရောက်သွားလျှင် သူတို့အဖို့....
နေ့ရက်တိုင်းက ဘုရားတပြီးသာ ရှင်သန်ရတော့မည်ထင်၏ ။
.
.
.
" အခုချက်ချင်း အခန်းထဲကထွက်!"
" မထွက်ဘူး ! ကိုကို ...ကြိုက်သလိုနှင်ထုတ်! လွန်းကတော့ ဒီမှာပဲနေမယ်!! "
မွေ့ရာပေါ်ခြေချိတ်ထိုင်နေသည့်သူမက တင်းမာစွာ ပြန်အော်ပြောလာသည်။
မျက်နှာထားတည်တည်ကတော့ ဘယ်လောက်နှင်ထုတ်နေပါစေ ပေတေနေမည့်ပုံပင်။
တိုင်း စိတ်မရှည်စွာနှင့် သူမအနားသွားကာ လက်မောင်းတစ်ဖက်ကို အားပါပါဆုပ်ကိုင်ပြီး ဆွဲထူပစ်လိုက်တော့
" ဆွဲထုတ်လဲ မထွက်ဘူးနော် ! လွန်းက တစ်နေကုန်နေဖို့ စဥ်းစားထားတာ ! ဖယ်...လွှတ်! "
YOU ARE READING
3. NEEDED ( Completed)
Подростковая литератураTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
