အပိုင်း ၆၀
.
.
.
ရှယ်ယာရှင်အစည်းအဝေးပွဲအတွင်းရောက်ရှိနေသော ' တိုင်းဝဠာ ' ၏အရှင်သခင်လေးဖြစ်သူ အသွင်ရိုင်းဟာ ရှယ်ယာလုပ်ငန်းရှင်များ၏အကြံပြုချက် ၊ ဆွေးနွေးတင်ပြချက်များကို လေ့လာမှတ်သားနေသည်။သူ့အနေနဲ့ ဤလောကကို စတင်ခြေချဖို့ အတွေ့အကြုံနည်းသေးသည်မလား။
ထိုစဥ် silent လုပ်ထားသောဖုန်းမှ messageဝင်ကြောင်း အသိပေးလာသည်မို့ ဘောင်းဘီအိတ်ကပ်ထဲမှ ကပျာကယာဆွဲထုတ်ပြီး မသိမသာငုံ့ကြည့်လိုက်သည်။
မြင်လိုက်ရသည့်ခေါင်းစဥ်နှင့် ခပ်ဝါးဝါးပုံနှစ်ပုံကြောင့် တောက်ခေါက်မလိုဖြစ်ပြီးမှ အစည်းအဝေးထဲမှာဆိုသည့်အသိဖြင့် ပြန်ထိန်းလိုက်ရ၏။
သို့ပေမဲ့ အံကိုတော့တင်းတင်းကြိတ်ထားမိသည်အထိ။
ဖြစ်နိုင်ရင် ဒီအစည်းအဝေးခန်းထဲကနေ ပြေးထွက်သွားလိုက်ချင်ပြီ။
သူ ကာကွယ်ပေးပါမည်ဟုကတိခံထားမိသူဆီကို.....
အဓိကကျသောလုပ်ဆောင်ချက်များကို ပြောပြနေသည့် ဒါရိုက်တာတစ်ဦး၏စကားတွေဟာလည်း သူ့နားထဲမှာ မသဲကွဲတော့။
သူ့အာရုံတစ်ခုလုံးက ဖတ်လိုက်မိသောသတင်းခေါင်းစဥ်နှင့် ပုံတွေမှာသာ တဝဲလည်လည်။
အခုမှစတင်ဖို့ကြိုးစားသည့်လူငယ်ဖြစ်သည်ကတစ်ကြောင်း ၊
အဘေးဖြစ်သူနဲ့တွဲလုပ်ခဲ့သည့် လုပ်ငန်းရှင်တွေအပေါ် မလေးမစားဖြစ်မှာစိုးသည်ကတစ်ကြောင်း....
ထိုအကြောင်းများကြောင့်သာ သူ့မှာ လက်သီးကိုတင်းတင်းဆုပ်ပြီး ဟန်မပျက်ထိုင်နေရခြင်းဖြစ်သည်။
နောက်တစ်ကြိမ်လှုပ်ခါလာသောဖုန်းလေးကြောင့် သူ့အကြည့်ကချက်ချင်းဆိုသလို ဆုပ်ကိုင်ထားမိသည့်လက်ထဲကဖုန်းမျက်နှာပြင်ဆီသို့။
"" သခင်လေးကြည့်ခိုင်းထားတဲ့အိမ်ကို သတင်းထောက်တွေရောက်နေကြပြီ""
သူ ထိုင်နေရာမှဝုန်းခနဲထရပ်လိုက်မိသည်အထိ စိတ်လှုပ်ရှားသွားသည်။
သူ့အပြုအမူကြောင့် ခန်းမထဲရှိလူအများ၏အကြည့်က သူ့ထံသို့စုပြုံရောက်လာကြ၏။ သို့သော်
သူ ဘာကိုမှဂရုမစိုက်တော့ဘဲ အစည်းအဝေးခန်းမထဲမှ ပြေးထွက်ခဲ့လိုက်တော့သည်။
ကျေးဇူးပြုပြီး ကျွန်တော့်စကားကို ယုံကြည်ပေးဖို့ စောင့်နေပေးပါ....!
ဦးတိုင်းကို သေချာပေါက် ကာကွယ်ပေးမှာမလို့....
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
