အပိုင်း ၄ ( Uni)

11.7K 742 14
                                    

အပိုင်း ၄
.
.
.
STAR ကိုယ်ပိုင်အထက်တန်းကျောင်းကြီးရဲ့
ကျောင်းဝင်းထဲကို ခြေစချမိလိုက်တာနှင့် ပထမဦးဆုံး သတိရမိတာ ကျွန်တော်က မိဘမဲ့တစ်ယောက်ဆိုတာပင် ဖြစ်သည်။

အခြားသူတွေ မိဘတွေနှင့်ကျောင်းကိုအတူလာသည်ကိုမြင်လျှင် ကျွန်တော်ငိုချင်သည်။
ကျွန်တော်လူမှန်းသိတတ်စအရွယ်တွင် ဖေဖေသည် ဤလောက၌မရှိတော့ပေ။
ဖေဖေမရှိတော့သည့်နောက်ပိုင်းတွင် မေမေသည် ကျွန်တော့်အတွက် ပင်ပန်းဆင်းရဲမှုဒဏ်များကို အလူးအလဲခံစားခဲ့ရသည်။

ကျောင်းဆရာဖြစ်သော ဖေဖေသည် နယ်​မြို့လေးတွင် တာဝန်ကျကာ ရိုးသားဖြူစင်လှသော မေမေ(ဒေါ်ပန်းသွင်)နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်တွင်တော့ သားအမိနှစ်ယောက် တစ်နေ့ဝမ်းစာ တစ်နေ့ရှာစားရသည့် မေမေ(ဒေါ်ပန်းသွင်)တို့ သားအမိနှစ်ယောက်ကမ္ဘာထဲ ရှိုင်းဘုန်းမာန်ဆိုသော တစ်ကောင်ကြွက်ကျောင်းဆရာလေး ဝင်ရောက်ခိုလှုံလာခဲ့သည်။

ပျော်ရွှင်စရာကောင်းသော မိသားစုလေးဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့သည်ပေါ့။
သို့သော် ပျော်ရွှင်မှုသည် ကြာကြာမခံခဲ့ပေ။
ကျွန်တော့်ကို မွေးဖွားသည့်အချိန်မှာပင် မေမေ့ရဲ့ အမေ၊ကျွန်တော့်ရဲ့ တစ်ဦးတည်းရှိသောအဖွားသည် မြေးဖြစ်သူကျွန်တော့်ကိုတောင် မမြင်တွေ့လိုက်ရဘဲ ပိုးထိကာ လူ့လောကက ထွက်ခွာသွားပြန်သည်။

ထိုအခါ
ဖေဖေရယ်၊မေမေရယ်၊ကျွန်တော်ရယ် သုံးယောက် တစ်ဘဝဖြစ်ခဲ့ကြရသည်။
ကျောင်းဆရာဖြစ်သော ဖေဖေသည် စိတ်ထားကောင်းသော လူငယ်တစ်ယောက်ပင် ဖြစ်သလို တောသူမလေးမေမေသည်လည်း ရိုးသားဖြူစင်သူ ဖြစ်သည်။ ဖေဖေသည် မေမေ့ကို အရမ်းချစ်သည်။ ဖေဖေနဲ့မေမေ နှစ်ယောက်တစ်ဘဝအဖြစ် ထူထောင်ပြီးကတည်းက မေမေ့ကို အိမ်တွင်နေစေကာ ဖေဖေကပဲ ရှာဖွေးကျွေးမွေးခဲ့သည်။

ဖေဖေကပြောဖူးတယ်"ပန်းကို ကိုယ့်ဘဝလက်တွဲဖော်အဖြစ် လက်ထပ်ခဲ့တာ
အနားမှာ ရှိစေချင်လို့ ။ပန်းရဲ့ အလုပ်အကျွေးပြုတာကို ခံချင်လို့ လက်ထပ်ခဲ့တာ မဟုတ်ဘူး..."တဲ့လေ။ ထိုနေ့မှစ၍ မေမေသည် ခေတ်သစ်စင်ဒရဲလားမဟုတ်သော စင်ဒရဲလားလေး ဖြစ်ခဲ့သည်။
ကြီးမြတ်ကြွယ်ဝသော မင်းသားလေးရဲ့ စင်ဒရဲလားလေး မဟုတ်ပေမဲ့ သစ္စာရှိပြီး အလွန်ချစ်တတ်သော ကျောင်းဆရာလေးရဲ့ စင်ဒရဲလားလေးပေါ့။

3. NEEDED ( Completed) Where stories live. Discover now