အပိုင်း ၂၃ (Uni)

4.2K 255 11
                                    

အပိုင်း ၂၃
.
.
.
အသိစိတ်က ခန္ဓာကိုယ်မှာကပ်လာသည်နှင့်တစ်ပြိုင်နက် ကိုက်ခဲနာကျင်မှုများကို ချက်ချင်းခံစားရသည်။ မျက်လုံးဖွင့်လိုက်တော့ သူ့အခန်းရဲ့ မျက်နှာကြက်ကသာ တည်တည်ငြိမ်ငြိမ်ဆီးကြိုနေလေ၏။
နိုး,နိုးချင်း သတိရမိသူက သူ့ဘဝရဲ့ အရေးပါဆုံးသော တစ်စုံတစ်ယောက်။

အသွင်ရိုင်း အိပ်ရာပေါ်မှ အမြန်ထလိုက်ပြီး ထိုသူရှိနိုင်မည့် အခန်းဆီသို့ အပြေးထွက်ခဲ့လိုက်သည်။ သို့သော် အခန်းရှေ့တွင် ရပ်နေသော Vရန့်ကြောင့် ပြေးလို့လာသည့် ခြေထောက်တွေဟာ ရပ်တန့်လို့သွားရ၏။

" Vရန်.."

အားမပါသော သူ့ရဲ့ခေါ်သံပျော့ပျော့အောက်မှာ Vရန်ဟာ သူ့ဆီအပြေးအလွှားလာရင်း

" သခင်လေးရယ်...ဘာလို့ထလာတာလဲ?
နေကောင်းတာလဲ မဟုတ်ဘူး။ လာ ကျွန်တော်အခန်းပြန်ပို့ပေးမယ်"

နူးညံ့မှုကင်းမဲ့နေသောစကားသံနှင့်အတူ သူ့ရဲ့ပခုံးတွေကို ဆုပ်ကိုင်ရင်း လာရာအရပ်ဆီသို့ ပြန်လှည့်သည်။

" ဟင့်အင်...ဦးတိုင်းရော! ဦးတိုင်းက ဘာဖြစ်တာလဲ? ဦး....ဦးတိုင်း တစ်ခုခုဖြစ်နေတယ်မလား? ကျွန်တော့်ကို ပြောပါ Vရန် "

Vရန့်ရဲ့ လက်ထဲကအတင်းရုန်းထွက်ပြီး သူ စိုးရိမ်တကြီးဖြင့် မေးလိုက်မိသည်။

" လာပါ သခင်လေးရာ။ နေမကောင်းတဲ့လူက အိပ်ရာထဲမှာပဲ လှဲနေသင့်တယ်။ သခင်လေး တစ်ညလုံးအဖျားတွေကြီးပြီး သတိလစ်နေတာလေ ။ အခုမှသတိရတာကို ဘာလို့ ဒီကိုပြေးလာတာလဲ ? ပြန်ရအောင်ပါ"

" ဦးတိုင်းရောလို့! ဦးတိုင်း အခုဘာဖြစ်နေတယ်ဆိုတာ ပြောပြပါ...Vရန်! ခင်များသိတယ်မလားဟင်။ ဦးတိုင်းအခုလိုဖြစ်ရတဲ့အကြောင်းကို! အခုဦးတိုင်းဘယ်လိုနေလဲ?ကျွန်တော်တွေ့ချင်တယ်...တွေ့ခွင့်ပေးပါ.."

အသွင်ရိုင်း အားကိုးတကြီးဖြင့် Vရန့်လက်ကို ဆွဲကိုင်ပြီး မေးလိုက်မိသည်။ ပျက်ယွင်းနေသော မျက်နှာပေါ်မှာ အဖြေကို တွေ့လို့တွေ့ငြား ရှာမိသေး၏။ သို့သော်

" သခင်လေးက အခုအားနည်းနေတယ်။ အဲ့ဒါကြောင့် အခန်းကိုပဲ ပြန်လိုက်ပါ။ သခင်ကြီးက အခုချိန်အနားယူနေတာမို့ မနှောင့်ယှက်တာ အကောင်းဆုံးပဲ။ သိချင်တာတွေကို သခင်ကြီးကိုယ်တိုင် ရှင်းပြမှာမို့ စိတ်ရှည်လက်ရှည်နဲ့ပဲ စောင့်စေချင်တယ်"

3. NEEDED ( Completed) Where stories live. Discover now