ep - 28 (Zaw)

643 22 4
                                        

အပိုင်း ၂၈
.
.
.
သူတို့အခန်းထဲဝင်လာချိန်တွင် အသွင်ရိုင်းကထိုင်ခုံမှာရှိမနေ။အိမ်သာသွားလို့နေမှာပါဟု တွေးပြီး အသွင်ရိုင်းခုံပေါ်ကို ဝယ်လာသည့်မုန့်ထုပ်နှင့် အအေးဘူးကိုတင်လိုက်ကာ မိမိခုံတွင်ပြန်ထိုင်နေလိုက်သည်။

"   အသွင်ရိုင်းတို့က တော်တော်ချမ်းသာတယ်ထင်တယ် ။ လာတွေ့တဲ့လူတွေက နိုင်ငံခြားအက်ရှင်ကားထဲက လူဆိုးကြီးတွေကျလို့ အနက်ရောင်အင်္ကျီတွေနဲ့ မိုက်တယ်ကွာ"

ဘေးခုံက မှန်ကြောင်၏စကားကြောင့် ရှိုင်းဝေယံအလန့်တကြားထရပ်မိသွားသည်။ မှန်ကြောင်ရဲ့ သူငယ်ချင်းကောင်တွေကတော့ ပြူးတူးပြဲတဲနှင့် နားထောင်ရင်းအံ့ဩနေပုံပဲ။

" မှန်ကြောင် ! အသွင်ရိုင်း ဘယ်သွားတာလဲ?"

သူ့ရဲ့အလောတကြီးဖြစ်နေသော ​အသံကြောင့် မှန်ကြောင်က ချက်ချက်းလှည့်ကြည့်လာကာဖြေသည်။

" ကျောင်းပေါက်ဝသွားတာလေ ! ငါအပြင်ထွက်ပြီး ထမင်းချိုင့်ယူနေတုန်း လူကြီးနှစ်ယောက်က အသွင်ရိုင်းကိုခေါ်ပေးဆိုလို့ ခေါ်ပေးလိုက်တာ ! မင်းသိလား အဲ့လူတွေကငါကြည့်နေကြ ဇာတ်ကားထဲကလို လူ..လူ"

စကားဆုံးသည်အထိနားမထောင်ဘဲ ပြေးထွက်သွားသောရှိုင်းဝေယံကြောင့် မှန်ကြောင်နှင့် သူ့သူငယ်ချင်းတွေ အူကြောင်ကြောင်ဖြစ်သွားသည်။ မှန်ကြောင်ကတော့ သူပြောချင်တာမပြောလိုက်ရ၍မကျေနပ်သလို နှုတ်ခမ်းစူပြီး မျက်မှန်ဝိုင်းကြီးကိုပင့်တင်ကာ သူငယ်ချင်းတွေဘက် ပြန်လှည့်သွားကာ

" ဒီဘက်ပြန်လှည့် နှစ်ကောင်လုံး ! ငါဆက်ပြောပြမယ် ။ အဲ့ဒီအနက်နဲ့လူတွေကလေ မျက်နှာကြီးတွေကလဲ တင်းပြီး....."

အာပေါင်အာရင်းသန်သန်ပြောပြနေသော မှန်ကြောင်စကားကို သူ့သူငယ်ချင်းတွေကလည်း စိတ်ဝင်တစားနားထောင်နေကြပြန်သည်။
ထိုအချင်းအရာတစ်ခုလုံး မြင်လိုက်ကြားလိုက်ရသော သွန်းမာလာကတော့ ပြေးသွားပြီဖြစ်သော ရှိုင်းဝေယံနောက် ထပ်ပြီးလိုက်လာခဲ့လိုက်တော့၏။ သူမရင်ထဲမှာလည်း စိုးရွံ့မှုများစွာဖြင့်......

3. NEEDED ( Completed) Where stories live. Discover now