အပိုင်း ၄၂ (Uni)

3.3K 182 17
                                        

အပိုင်း ၄၂
.
.
.

22.5.20....

" မောနင်း ဦးတိုင်း "

အလှပဆုံးပြုံးပြနှုတ်ဆက်ကာ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ဖို့ပြင်လိုက်သည့်အသွင်ရိုင်း။ ထိုအချိန် ကြားလိုက်ရသော စကားတစ်ခွန်းက

" မင်း ဒီအိမ်ကထွက်သွားတော့ ရိုင်း "

ထိုင်ခုံပေါ်ထိုင်ဖို့ ကုန်းနေသောခါးသည်ပင် အေးစက်ကျင်တက်သွားရသလိုမျိုး။
နှုတ်ဆက်စကားဆိုတုန်းကပြုံးနေခဲ့သော မျက်နှာလေးသည်လည်း ယခုတွင်အပျက်ပျက်အယွင်းယွင်းဖြစ်လို့သွားရ၏။
ယောင်ယောင်ကမ်းကမ်းနှင့် ခုံပေါ်ဖင်ချထိုင်လိုက်သည့်တိုင် သူ့နှလုံးခုန်သံတွေမြန်နေခဲ့သည်။
လှိုက်ဖိုနေတာမဟုတ်ဘဲ ကြောက်ရွံ့တုန်လှုပ်နေခဲ့သောကြောင့်သာ ဖြစ်၏။

" စောစောစီးစီး နောက်ပြီ ဦးတိုင်းက အဟင်း.."

ဟန်ကိုယ်ဖို့ပြီးပြောလိုက်တာသာ ဖြစ်သည်။
ဦးတိုင်းမနောက်တတ်တာ အတူနေခဲ့ဖူးသည့် တစ်နှစ်နီးပါးလုံးက သက်သေပင်ဖြစ်သည်လေ။
တည်တင်းအေးခဲနေတစ်သော မျက်နှာချောချောက ဘယ်တုန်းကမှ နောက်ပြောင်ခဲ့ခြင်းမရှိ။
ယခုလည်း ထိုအေးခဲနေသည့်မျက်နှာလှလှက အရိုးထဲစိမ့်လောက်သည်အထိ အေးစက်လွန်းနေသည်။

" ငါက နောက်တတ်တယ်ပေါ့... "

အခေါ်အဝေါ်တွေ ပြောင်းလဲသွားသည်။
မေးခွန်းတွေ ထုတ်တတ်လာပြီ။
တစ်နည်း အကြည့်စိမ်းတွေနှင့် ကြည့်နေတတ်ပြီ။

" ဟီး..ဦးတိုင်းကလဲ "

ကျွန်တော်ငိုနေတာ....ဦးတိုင်း! ကျွန်တော့်မျက်နှာကိုပဲ မကြည့်ပါနဲ့...!
နှလုံးသားကိုပဲ ကြည့်ပေးပါ!
ဦးတိုင်းအကြည့်စိမ်းတွေနဲ့ စကားစိမ်းတွေကြောင့် ကျွန်တော် အခု ငိုနေရပြီလို့!

ကျေးဇူးပြုပြီး မွေးနေ့လေးမှာတော့ မငိုပါရစေနဲ့လေ ဦးတိုင်းရယ်!
နောက်နေ့....
မဟုတ်ဘူး....တစ်သက်လုံး..မပြောလို့ရမလား???
ကျွန်တော်..ကျွန်တော် မငိုချင်လို့ပါ!

" ငါပြောခဲ့တယ်လေ ။ သူနဲ့မင်းက တူနေလို့သာ မင်းကိုကယ်တင်ပေးခဲ့တာလို့ ။ ဒါပေမဲ့ မင်းက သူနဲ့တူရုံပဲလေ အသွင်ရိုင်း ။ မင်းက သူမှမဟုတ်တာ....."

3. NEEDED ( Completed) Where stories live. Discover now