အပိုင်း ၂၆
A/N...တစ်လလုံး ပစ်ထားလိုက်မိတဲ့အတွက်
သွေ့ပုချိပါ သည်းတို့ရေ...
အခုကစ neededကို ပြန်အသက်သွင်းပါတော့မယ်နော်....
အားလုံးပဲ ရယ်ဒီ😊😊
.
.
.
ခပ်ဟဟပွင့်နေသော တံခါးပေါက်မှအတွင်းကို တိတ်တိတ်လေးချောင်းကြည့်လိုက်တော့ စာကြည့်စားပွဲပေါ်မှာမှောက်လျက်ကလေး အိပ်ပျော်နေသော ကလေးငယ်ကိုတွေ့ရသည်။လက်ထဲတွင်လည်း ဘောပင်ကိုမချနိုင်ဘဲကိုင်လျက်အနေအထားနှင့်။သူ သာသာလေးအခန်းထဲဝင်လိုက်ပြီး ကလေးငယ်ကိုပွေ့ယူလိုက်သည်။ထို့နောက် အိပ်ရာပေါ် ဖွဖွလေးချပြီး စောင်ကိုလွှားပေးချိန်ထိ ကလေးငယ်လက်ထဲကဘောပင်ကို မယူရသေး။ထိုဘောပင်လေးကို ဆွဲယူလိုက်ပြီး ကလေးငယ်ရဲ့လက်ကလေးတွေကြည့်လိုက်မိတော့ ဘောပင်ကိုအတင်းဖိရေးတတ်တဲ့လက်မလေးက ရဲပြီးသွေးခြေဥသလိုပင်ဖြစ်နေသည်။
သွေးခြေဥချင်နေတဲ့လက်မကလေးကို နမ်းရှိုက်လိုက်ပြီး စားပွဲပေါ်ကပွင့်လျက်သားစာအုပ်တွေကို ပိတ်ပြီး ထပ်ထားလိုက်သည်။ထို့နောက် စာကြည့်မီးအိမ်ကိုပိတ်ပြီး အဲကွန်းကို အအေးလျှော့ချလိုက်သည်။အပြစ်ကင်းစွာအိပ်ပျော်နေသော ကလေးငယ်ရဲ့နဖူးပြင်ကို မထိတထိနမ်းလိုက်ပြီးနောက် အခန်းပြင်သို့သာ ဖြေညင်းစွာထွက်ခဲ့လိုက်သည်။
အချိန်တွေ သိပ်မကျန်တော့ဘူး ကလေးငယ်~~
မင်းကို ဂရုစိုက်ဖို့အခွင့်အရေးတွေ နည်းလို့လာပြီ~~
>>>>>>>>>>>>>>>>>>>>>>>>>>
" သွန်း... ငါ..ငါတောင်းပန်ပါတယ်"
စာရေးနေတဲ့သွန်းက ခေါင်းမော့ကြည့်လာသည်။ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး စာကိုသာဆက်ရေးနေသည်။
" ငါတို့...အရင်လို ပြန်နေကြရအောင်လေ"
"..."
" ငါတို့က သူငယ်ချင်းတွေပဲလေ ။ အရင်က ကိစ္စတွေအတွက် တကယ်ကိုတောင်းပန်ပါတယ် ။ ငါ တုံးခဲ့လို့ တစ်မျိုးတွေထင်ပြီး နင့်အပေါ်အမြင်တွေစောင်းခဲ့တာ ။ အခု ငါတို့တွေ သူငယ်ချင်းတွေ ပြန်လုပ်ကြမယ်လေ"
" ငါ့ကို ညှင်းဆဲလို့မဝသေးလို့လား ရှိုင်း !. မျှော်လင့်ချက်တွေပေးပြီး ရိုက်ချဦးမလို့လားဟင်! ငါကြောက်နေပြီ ရှိုင်း ရဲ့! နောက်တစ်ခါဆိုရင် ငါခံနိုင်မှာမဟုတ်ဘူး"
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
