Note ( Zawgyi )

1K 20 0
                                        

1#
ငှက်ကလေးတစ်ကောင် အတောင်ကျိုးနေသည်။ပျံသန်းနိုင်ဖို့ ခွန်အားတွေ မရှိချိန်မှာ ကယ်တင်သူကို စတင်တွေ့ရှိခဲ့သည်။
ငှက်ကလေး တကယ် ကံကောင်းတာလား??
❇✍✍✍❇

2#
လှပသော လှောင်အိမ်လေးထဲမှာ စပ်စုတတ်သော ငှက်ကလေး တစ်ကောင် ရှိနေသည်။

ပိုင်ဆိုင်သော လှောင်အိမ်ရှင် ဘယ်များ ခရီးလွန်နေသနည်း??။
❇✍✍✍❇

3#
လှောင်အိမ်ရှင် ဖမ်းမိခဲ့သော ငှက်ကလေးသည် အလွန်ဆိုးသည်။
❇✍✍✍❇

4#
လှောင်အိမ်ရှင် ပြုံးနေသည်။
ငှက်ကလေးကြောင့် ဆိုလျှင်....
❇✍✍✍❇

5#
မချစ်သင့်သော သူကို ချစ်မိသည့်အတွက် အပြစ်ရှိတယ်ဆိုလျှင် ကျွန်ုပ်တစ်ယောက်တည်းပဲ နာကျင်ရပါစေလေ။
❇သွန်းမာလာ❇

6#
ငှက်ကလေး ပျော်ရွှင်နေသည်။လှောင်အိမ်ရှင်ရဲ့ အရိပ်မှာ လုံခြုံသည်ဟု ခံစားမိပြီး ပျော်နေသည်။
❇✍✍✍❇

7#လေညှင်းတွေ သယ်ဆောင်လာတဲ့ ပန်းရနံက ပြောတယ်။သူတို့အတွက် ပျော်ရွှင်ခြင်းက ချစ်ရသူပါတဲ့လေ။
❇✍✍✍❇

8#
ကိုယ်ပေးသမျှ မသိမမြင်နိုင်တဲ့ လူတစ်ယောက်ကို တိတ်တခိုး မြတ်နိုးရတာလည်း..
နာကျင်တဲ့ရင်အစုံနဲ့ပဲကွယ်။
❇သွန်း❇

9#
မကြာခင် ထွက်ခွာသွားတော့မယ့် အဖြူရောင် ရထားလေးကို ကိုယ့်နှလုံးသားရင်ခွင်ဘူတာရုံလေး နားခိုခိုက်တော့ ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးချင်မိပါရဲ့။
❇မင်ဝဠာတိုင်း❇

10#
ဘာတွေမှ မလိုအပ်ဘဲ ရှင်သန်နေတဲ့ မြက်တစ်ပင်ပါ။နေရောင်ခြည် မရှိရင်တော့ ညှိုးနွမ်းသွားလောက်မည့် အပင်ငယ်လေးပေါ့။လိုအပ်သော တစ်ခုတည်းက ခင်များပါ နေရောင်ခြည်။
❇အသွင်ရိုင်း❇

11#
ကုန်ဆုံးသွားတဲ့ အချိန်တွေကို ဘာတွေနဲ့ အစားပြန်ပေးရင် ရနိုင်မလဲ။
တစ်နှစ်ဆိုတာ တိုလွန်းလို့ အရင်အချိန်တွေကို အစားပြန်လိုချင်မိတယ်။
❇တိုင်း❇

12#
နှင်းဆီလှလှတစ်ပွင့်ဆိုပေမယ့် ဆူးခတ်တွေ အပြည့်နဲ့ မနမ်းသင့်တဲ့ ပန်းမို့ လှည့်မကြည့်ခဲ့တာလား ။လှပေမယ့် အဆိပ်ပြင်းလို့ မခူးဆွတ်ချင်တဲ့ သဘောလား ကိုကို...။
❇လွန်းရတု❇

3. NEEDED ( Completed) Where stories live. Discover now