အပိုင်း ၅၉ (Uni)

4K 178 10
                                        

အပိုင်း ၅၉
.
.
.
ကျယ်ဝန်းလှသောခြံကြီးထဲတွင် အရောင်စုံပန်းပင်တန်းများက စီညီစွာဖြင့် သွယ်တန်းဝေဆာနေကြသည်။ မြက်ခင်းပြင်စိမ်းစိမ်းအပေါ်မှာလည်း အဖြူရောင်ကျောက်စားပွဲဝိုင်းတစ်ခုရှိနေပြီး ဘေးနားတွင် ကျောမှီထိုင်ခုံလေး နှစ်ခုံချထားသည်။ရောင်စုံပန်းခင်းကြီးသဖွယ် ကြည့်ကောင်းနေသည့်အပင်တန်းတွေအလယ်မှာ အဖြူရောင်စားပွဲလေးနှင့် ထိုင်ခုံလေးများက လင်းဖြာတောက်ပသောနေရောင်တို့ကြောင့် ပိုပြီးအသက်ဝင်ရုပ်ကြွနေသလို။
မနက်ခင်းလေးရဲ့ကြည်နူးသာယာဖွယ်ကောင်းခြင်းက ထိုခြံကျယ်ကြီးနဲ့မှ ပိုပြီးလိုက်ဖက်နေသယောင်။

" ညနေ ၅ နာရီလောက်ကျရင် ကျွန်တော်လာခေါ်လှည့်မယ်နော် ဦးတိုင်း "

" ရတယ် ။ မင်းအလုပ်ရှုပ်နေလိမ့်မယ် ။ ကိုယ် ကိုယ်တိုင် လာခဲ့မယ် ။ဘယ်ဆိုင်ဆိုတာသာ message ပို့လိုက် "

" ဦးတိုင်းတစ်ယောက်တည်း စိတ်မချဘူး"

" ကိုယ်က ကလေးလား ? မင်းကိုသာ ကိုယ်ကစိတ်ပူရတာပါ ရိုင်းရာ "

နူးညံ့သောပါးပြင်နုနုလေးကို လက်တို့ဖြင့်ခပ်ဖွဖွအုပ်ကိုင်ပြီး ငေးငေးစိုက်စိုက် မျက်လွှာပင့်ကြည့်မိသည်။ နက်မှောင်သောမျက်ခုံးတန်းလေးများအောက်က ရီဝေညှို့ငင်ငင်အကြည့်လေးများကြောင့် နှလုံးသားဟာ ခပ်ငြိမ့်ငြိမ့်။
ပြုံးယောင်သန်းနေသော ပန်းနုရောင်နှုတ်ခမ်းပြည့်ပြည့်လေးကြောင့် နုပျိုမှုတို့က ပိုပြီးသက်ဝင်နေသည်။

" ဦးတိုင်းကို အခုလိုမြင်ရရင် ကျွန်တော့်နှလုံးသားတွေက နာတယ် ။ ကျွန်တော့်ကိုစိတ်ပူတာမို့ ပျော်မိပေမဲ့ ဦးတိုင်းမျက်နှာမကောင်းရင် ကျွန်တော့်ကြောင့်ပါလားလို့တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ် သိလား ။ ကျွန်တော်ကလေ...အခြားသူတွေကို ဂရုမစိုက်ချင်ဘူး ။ ဦးတိုင်းကို အရင်လိုလေးပဲ ပြန်မြင်ချင်မိတာ ။ ' တိုင်းဝဠာ 'ရဲ့သခင်ကြီးဆိုတဲ့ ဝံ့ဝံ့ထည်ထည်ပုံစံနဲ့ တစ်လောကလုံးကို ဥပက္ခာပြုနေတဲ့ အရင်ကဦးတိုင်းကို ပြန်တွေ့ချင်တာ"

သူ့ပခုံးတွေကို ဆုပ်ကိုင်ပြီးပြောလာသည်က နင့်နဲသောဆန္ဒတွေတနင့်တပိုးနဲ့မျက်နှာနွမ်းနွမ်းလေး။
သူသိတာပေါ့။
ကလေးငယ်က သူ့ကို အရင်လိုဘဝကိုပြန်ပေးချင်နေတာ။
ဒါပေမဲ့ သူမလိုချင်တော့ဘူး။ရှုပ်ထွေးတဲ့လောကကြီးထဲက အတုအယောင်အပြုံးတွေနဲ့ ဆက်ဆံရေးတွေ။
ပြည့်စုံကြွယ်ဝမှုတွေကြောင့် ထိုးနှက်လာမယ့် ချီးကျူးသံတွေနဲ့ နောက်ကွယ်ကကဲ့ရဲ့ခြင်းတွေ။
ပြီးတော့ ထိုအရာတွေအားလုံးက သူနဲ့မှသက်ဆိုင်မှုမရှိခဲ့ဘဲ။

3. NEEDED ( Completed) Where stories live. Discover now