အပိုင်း ၆၂
.
.
.
မနီးကပ်ပါသော်လည်း မြတ်နိုးရပါသော
မျက်တောင်နက်နက်ကလေးများ၏လှပမှုကိုတော့ အရှင်းသားမြင်နိုင်သည့်အကွာအဝေးမှာ ရှိုင်းဝေယံ လဲလျောင်းနေသည်။
ကုတင်တစ်လုံးစီမှာရှိနေသော်လည်း သူ့အခန်းဟာ ပုံမှန်ထက်နွေးနေခဲ့ပြီး
မြင်နေရရုံ......
အင်း....မြင်နေရရုံနဲ့ သူ့ကမ္ဘာဟာ ပြည့်စုံသည်ထက်ပိုလွန်းနေခဲ့ပါ၏။🎵အပြုံး.....စွဲလမ်းမိတဲ့ငါ....🎵..အရှုံး....
🎵 တငွေ့ငွေ့နဲ့...ဖွဲမီးလို 🎵...လိုက်လောင်နေ...ကျွမ်းလောင်နေ...ထွက်သွားခွင့်..ငါလေမပေးခဲ့နိုင် 🎵 ဒီအပြုံး....အနှောင့်အယှက်!
အဲဒီ့အနှောင့်အယှက်က သူမြင်နေရသော မျက်တောင်နက်နက်ကလေးတွေကို ခိုးယူသွားခဲ့သည်။" ကျွန်တော် လာခဲ့မယ်!! ဦးတိုင်း ဘာကိုမှမတွေးလိုက်နဲ့! !...နော်!!....
"ဖုန်းပြောရင်း အပေါ်လက်ရှည်အင်္ကျီကို ကပျာကသီထပ်ဝတ်လိုက်သည့် အသွင်ရိုင်း။
မျက်နှာတစ်ခုလုံးဟာ သွေးစုပ်ဖြူလျော့နေပြီး မျက်ဝန်းတွေက အကြောက်တရားတွေဖုံးလွှမ်းနေသည်။" ကျေးဇူးပြုပြီး မျက်လုံးတွေကိုမမှိတ်လိုက်နဲ့!!....ဦးတိုင်းဆီကို ကျွန်တော်ချက်ချင်းအရောက်လာခဲ့ပေးမှာမို့....."
" သွင်လေး! "
အခန်းပေါက်ဝရောက်နေသောထိုသူဟာ သူ့ခေါ်သံကြောင့်လှည့်ကြည့်လာသည်။
" မနေ့က ငါ့ဆီဖုန်းဆက်တာ ဘာပြောမလို့လဲ? "
ထိုသူက တစ်ချက်တွေဝေသွားပုံရသည်။
ချက်ချင်းမဖြေနိုင်ဘဲ သူ့ကိုသာငေးကြည့်ပြီး မျက်မှောင်ကျုံ့ပြီး စဉ်းစားနေပြန်၏။" ငါ မေ့သွားပြီ "
တကယ်ကြီး စဉ်းစားမရတော့သလို မျက်နှာမျိုးနှင့် သူ့ကိုငေးကြည့်နေပြီး ပြောလာခဲ့သည်။
" တကယ်မေ့နေတာလား သွင်လေး ? ငါဖုန်းမကိုင်လို့ စိတ်ဆိုးပြီး မေ့တယ်လို့ပြောတာတော့ မဟုတ်ပါဘူးနော် "
" ကျစ်! အဲ့ဒါကို နောက်နေ့မှ ဆက်ပြောကြရအောင် ဝေယံ !အခုငါ့မှာ အရေးတကြီးသွားရမှာရှိတယ် "
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...