အပိုင်း ၁၀ ( Uni)

7.5K 443 23
                                        

အပိုင်း ၁၀
.
.
.
"ငါ ခရီးသွားမလို့ အဲ့ဒါ..."

"ဘာ!!"

နှစ်ယောက်လုံးရဲ့ အာမေဋိတ်သံက တစ်ပြိုင်နက်တည်း ထွက်လာသည်။

"သိပ်မကြာလောက်ပါဘူး။၂ရက် ၃ရက်လောက်ပဲ။မင်းတို့လဲ သိသားနဲ့ ကျောင်းက အကြာကြီးခွင့်ယူလို့မရတာ"

"ဘယ်တော့လဲ"

အမြဲရွှတ်နောက်နောက်နှင့် ရှိုင်းဝေယံက အခုတော့ဖြင့် တည်ငြိမ်လို့နေသည်။တစ်ခါမှ မမြင်ဖူးသော ရှိုင်းဝေယံရဲ့ မျက်နှာက တည်တင်းနေသလို။သွန်းကတော့ တည်တင်းနေသော ရှိုင်းဝေယံ ကိုသာ တွေတွေလေး ငေးကြည့်နေသည်။သူမရဲ့ မျက်ဝန်းထဲမှာတော့ ပျော်ရွှင်မှုတချို့ ဖြတ်ပြေးသွားသည်ဟု သူထင်မိတာ ဘာကြောင့်ပါလိမ့်။

"ဘယ်တော့လဲလို့"

စိတ်မရှည်စွာ မေးလာသော ဝေယံ့အသံခပ်ဆတ်ဆတ်။

"မနက်ဖြန်"

"ဟင် အသွင်ကလဲ အခုမှ ငါတို့ကိုပြောရလား။အစကတည်းကပြောရင် နင့်အတွက် လမ်းမှာစားဖို့ မုန့်လေးဘာလေး ဝယ်ပေးလို့ရသေးတယ် အခုတော့"

စိတ်မကောင်းသလိုလေးပြောနေသော သွန်းကို ပြုံးပြလိုက်ပြီး

"အဝေးကြီး မဟုတ်ပါဘူးဟာ..မန္တလေးတင်ပါ။ပြီးတော့ သိပ်မကြာပါဘူး မရောက်ဖူးလို့ သွားတာ။ ပြန်လာရင်လဲ နင်တို့အတွက် မန္တလေးကနာမည်ကြီးတဲ့ မြင့်မြင့်ခင် ထိုးမုန့် ဝယ်ခဲ့ပေးမယ်"

"ဘယ်သူနဲ့ သွားမှာလဲ"

စောနကလို တည်တည်တင်းတင်းမျက်နှာနှင့် မဟုတ်တော့ဘဲ အလိုမကျသည့် ကလေးတစ်ယောက်လို စူပုတ်ပုတ်ရုပ်ကလေးဖြင့် ပြောလာသော ရှိုင်းဝေယံကို သူသွားဖြူတန်းလေးတွေ ပေါ်လာတဲ့အထိ ပြုံးပြလိုက်ပြီး

"ဦးတိုင်းနဲ့..."

"မင်းရဲ့ မွေးစားကိုကြီးဆိုတာလား?"

"အင်း"

" ပျော်လား?"

" ပျော်တာပေါ့ကွ"

ချက်ချင်းဆိုသလို မှိုင်ကျသွားသော ဝေယံ့ကြောင့် သူ့စကား ဘယ်နားမှားသွားလည်း ပြန်စဥ်းစားလိုက်ရသည်။

3. NEEDED ( Completed) Where stories live. Discover now