Unicode ver...
.
.
.
အဟမ်း...အနီ ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်ပါမယ်။အနီကတော့ အဆုံးမဲ့ ဆိုတဲ့ ficလေးကို ရေးသားခဲ့တဲ့ နှင်းရိုင်းပါ။အဆုံးမဲ့ကို ဖတ်ဖူးတဲ့ ရှိသလို မဖတ်ရသေးတဲ့ သူတွေလည်း ရှိမှာပါ။
အနီ့ရဲ့ ပထမဆုံးဖန်တီးမှုလေးကို အနီတကယ်အားမရခဲ့ပါဘူး။အနီက ဆွေးရတာကို ကြိုက်တယ်။အဆုံးမဲ့မှာ ကိုယ်အသေဆွေးခဲ့တာ တချို့သိမှာပါ😁။အနီလေ အစက ကိုယ့်ficကို ပြည့်စုံကောင်းမွန်နေပြီ ထင်ခဲ့တာ(ကိုယ့်အထင်ကို ပြောပါတယ်)။ဒါပေမဲ့ သေချာပြန်ဖတ်ကြည့်လိုက်တော့ ကိုယ်လိုနေတာ အများကြီးဆိုတာ တွေ့ခဲ့ရတယ်။အဆုံးမဲ့က ဇာတ်အိမ်ခိုင်ပေမယ့် အနီ့အရေးအသားကြောင့် အားရတဲ့ ficတစ်ခု မဖြစ်ခဲ့ဘူးလို့ အနီထင်တယ်။ပီးတော့ ဇာတ်လမ်း အနေအထား အရမ်းမြန်နေသလို ဖြစ်သွားတယ်။အစ်မတစ်ယောက်ရဲ့ ထောက်ပြမှုကြောင့် ကိုယ်သိခဲ့ရတာ။အခုလို ထောက်ပြပေးတဲ့အစ်မကို ဒီနေရာကပဲ အနီကျေးဇူးတင်ကြောင်းပြောပါရစေ။
အခု neededမှာတော့ အနီအတော်လေး အားစိုက်ထားရတယ်။ဒါဒါတွေကို အကောင်းမွန်ဆုံးသော ficတွေ ဖန်တီးပေးချင်တာ အနီ့ရဲ့ စေတနာပါ။တကယ်လို့ လိုနေတာတွေ ရှိရင်လည်း အားမနာတမ်းထောက်ပြပြီး ဝေဖန်နိုင်ပါတယ်နော်။neededမှာတော့ charactersတွေကို တသီးတသန့်မိတ်မဆက်ပေးတော့ဘူး။ဒါဒါတို့ပဲ ဖတ်ကြည့်လိုက်တော့။😁
❌သတိပေး❌
အနီသုံးတဲ့ ဇာတ်ကောင်အမည်တွေက အခြားအာသာတွေရဲ့ ဇာတ်ကောင်အမည်တွေနဲ့ တူသွားရင်လည်း တောင်းပန်ပါတယ်။အနီက အမည်ပေးတဲ့နေရာမှာ မကျွမ်းကျင်တာကြောင့် တူသွားကောင်း တူသွားနိုင်တယ်။ဒါပေမဲ့ အနီဖတ်ဖူးသမျှ ficတွေထဲကတော့ အနီပေးတဲ့အမည်တွေ မတွေ့ခဲ့ဖူးဘူး။အနီပြောချင်တာကတော့ အနီဖန်တီးမယ့် ဇာတ်အိမ်တွေ၊ ဇာတ်ကောင်အမည်တွေက အနီ့ရဲ့ ကိုယ်ပိုင်စိတ်ကူးတွေပါနော်။ဘယ်တစ်ခုကိုမှ ကော်ပီမယူခဲ့ပါဘူး။အကယ်၍ တူသွားခဲ့သည် ရှိသော်
author တို့က နားလည်ပေးပါ။အနီက အမည်ပေးတဲ့နေရာ တုံးအလွန်းလို့ ပြောင်းလဲမပေးနိုင်သည်ကိုလည်း ခွင့်လွှတ်ပေးကြပါကုန်။
အနီကိုယ်တိုင် ဖန်တီးထားတာတွေပါ။ကိုယ်ပိုင်စိတ်ကူး ၊ကိုယ်ပိုင် ပုံဖော်မှုတို့ကြောင့် အနီ့ရဲ့ ficတွေက လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။အနီက စိတ်ကူးယဉ်သမားမို့ စိတ်ကူးထဲကအတိုင်း ရေးတာပါ။အဲ့တာကြောင့် အပြင်လောကနဲ့ ကွဲပြားနေရင် နားလည်ပေးစေချင်ပါတယ်။(အဓိက ကတော့ အနီသည် copy သမားမဟုတ်၊ကိုယ်တိုင် ဖန်တီးသူ ဖြစ်သည်။copy က owncreation ထက် ပိုခက်တယ်လို့ အနီထင်လို့ပါဗျ)
။တကယ်ဆို august 1မှ စချင်တာဗျ😞😞။မနေနိုင်တော့လည်း....။neededက အဆုံးထိ မရေးရသေးလို့ he?se? အနီကိုယ်တိုင်လည်း မသိပါဘူး။သိလည်း မပြောပါဘူး😔😔။အနီ့ficတွေနဲ့ ပတ်သတ်လ်ု့ spoiler မပေးပါဘူးနော်။
neededရဲ့ အဓိပ္ပာယ် ကတော့ လိုအပ်သောပါ။neededမှာ ဘယ်သူတွေက ဘယ်သူတွေကို လိုအပ်မလဲဆိုတာ အနီနဲ့အတူ ခံစားကြည့်ကြရအောင်။
Neededလေးကို အခြားသူတွေလည်း ဖတ်ဖို့ လက်တို့ပေးပါအုံး။ဈေးဗန်းခင်းလည်း စိတ်မဆိုးဘူး😁။အနီတော်တော် လေကြောရှည်တယ်နော့။ကဲ😁 အနီ့ရဲ့ ficတွေကို ဖတ်ပေးကြတဲ့ ဒါဒါတွေ အားလုံး အရမ်းချစ်တယ်နော်😘။cmtတွေလည်း ရေးလို့ရတယ်နော်။
# Hnin Yhine ( A ni lay)
31.7.2020
YOU ARE READING
3. NEEDED ( Completed)
Подростковая литератураTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
