အပိုင်း ၅၃ (Uni)

3.4K 186 8
                                    

အပိုင်း ၅၃
.
.
.
နိုးထသည်နှင့်မြင်လိုက်ရသည့် မျက်နှာကြက်က ထူးခြားစွာ ကြည်ပြာရောင်နှင့်အဖြူရောင်စပ်လျက်။
ရောက်နေသည့်အခန်းတစ်ခုလုံးကို လှဲနေရင်းမျက်လုံး​ဝေကြည့်တော့ အဖြူရောင်သီးသန့်ကမ္ဘာဘုံတစ်ခုနှင့် ဆင်တူနေသည်။

" အဟက်....အိပ်မက်ပဲ "

နဖူးပေါ်လက်တင်ပြီးနောက် မျက်လုံးများကို ပြန်မှိတ်ပစ်လိုက်သည်။
သူ့အိမ်မက်တိုင်းက ထိုအရောင်တွေပဲဖြစ်နေတတ်သည်မို့ သိပ်ပြီးလည်း မထူးဆန်းသလိုမျိုး သက်ပြင်းကိုချလိုက်မိချိန်မှာပဲ

" အိပ်မက်ပဲ ထင်နေတာလား? "

စူးရှချိုသာသောအသံသာသာက သူ၏ကုတင်ခြေရင်းကလာသည်။ တိုင်း မှိတ်ထားသည့်မျက်လုံးတွေကို အလျင်စလိုဖွင့်ကြည့်မိပြန်တော့လည်း ကြည်ပြာရောင်နှင့်အဖြူရောင်စပ်ထားသောမျက်နှာကြက်ကိုသာ တွေ့ရပြန်သည်။
ကုတင်ခြေရင်းကနေ ပြုံးပြီးကြည့်နေသောသူကို တွေ့လိုက်ရချိန်၌ သူ၏ဘယ်ဘက်ရင်အုံအတွင်းသိသိသာသာလှုပ်ခတ်သွားရ၏။

" အသွင်ရိုင်း "

အံ့ဩစွာရေရွတ်မိလိုက်ပြီး လှဲနေရာမှ ချက်ချင်းထထိုင်ကာ ထိုသူကိုအသေအချာပြန်စိုက်ကြည့်လိုက်သည်။
အသွင်ရိုင်းမှ အသွင်ရိုင်းအစစ်ပင်။

ကြည်တောက်နေသော မျက်ဝန်းနက်နက်တွေနဲ့ အညိုရောင်ခပ်ပျော့ပျော့ဆံပင်တွေ၊ ပန်းရောင်ပြေးနေသောမျက်နှာနုနုလေးနှင့် ထူထူဖောင်းဖောင်းနှုတ်ခမ်းတွေ။ ထိုအရာတွေကိုမြင်ရုံဖြင့် အသွင်ရိုင်းဆိုတာတန်းသိနိုင်လောက်အောင်အထိ သူတို့နီးကပ်ခဲ့ကြဖူးသည်။

ပြီးတော့ လွန်ခဲ့သော ၄ လလောက်က သူမြင်ခဲ့ရသောပုံစံ။
ကုပ်ကျော်ရုံလောက်သာရှိမည့် ဆံပင်ပျော့တွေကို နောက်တွင် ကြိုးတစ်ခုနှင့်မမှီမကမ်းစည်းထားပြီး ငွေရောက်လက်နေသည့်နားရွက်ဖျားတွေ။

" တော်သေးတာပေါ့ ဦးတိုင်းက မှတ်မိနေသေးလို့"

အပြုံးရိပ်သန်းနေသော မျက်နှာလေးနှင့် သူရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လာပြီး ဆိုလာလေသူ။
ဝေးခဲ့ရသည့် ၆ နှစ်ကျော် ၇နှစ်နီးပါး အတွင်း ရှည်လျားလာသောအရပ်က သူ့နှင့်မတိမ်းမယိမ်းဖြစ်လောက်မည်။သို့မဟုတ် သူ့ထက်ပိုလေမလား???
တွေးနေစဥ်မှာပဲ သူ့နဖူးပေါ်ကျရောက်လာသော နွေးထွေးမှုတစ်ခု။

3. NEEDED ( Completed) Where stories live. Discover now