အပိုင်း ၁၅
.
.
.
"နိုးသွားပြီလား? ကိုယ်က ဆေးလိမ်းပေးမလို့ပါ"
ကုတင်နားလျှောက်လာသော ဦးတိုင်းအား အနားရောက်တာနဲ့ သူ ခါးကိုသာအတင်းဖက်လိုက်မိသည်။
"အဟင့်...ကျွန်တော် လန့်သွားတာ။
ဦးတိုင်းမဟုတ်ဘဲ အခြားတစ်ယောက်ထင်လို့...အင့်...လန့်သွားတာ...ကျွန်တော့်ကို တစ်ယောက်ယောက်က.."
ရင်ခွင်ထဲက တုန်တုန်ယင်ယင်ဖြစ်နေသော ကလေးငယ်ကြောင့် တိုင်း သက်ပြင်းကြိတ်ချလိုက်သည်။သူမှားတာ ၊ ကလေးငယ်အိပ်ပြီအထင်နှင့် တိတ်တိတ်လေးလာကြည့်ပြီး ဆေးလိမ်းပေးမလို့ဟာ။သူ့ကြောင့် အခုတော့ ကလေးငယ်ခမျာ လန့်နေရရှာပြီ။
"ကိုယ်မှားတာပါ တိတ်တိတ်မငိုနဲ့တော့။
ကိုယ်က မင်းခြေထောက်တွေ ဆေးလိမ်းရဲ့လား လာကြည့်တာပါကွာ ။မေ့နေမှာစိုးလို့ ။ အခုတော့ မင်းကို ကြောက်စေမိပြီ ။ ကိုယ်တကယ်ကိုတောင်းပန်ပါတယ်နော်.."
ကျောပြင်လေးကို အသာပုတ်ပေးမိတော့ မျက်လုံးဝိုင်းတွေနှင့် မော့ကြည့်လို့လာသည့် ကလေးငယ်။ပြည့်အိုင်နေပါသော မျက်ရည်တွေနှင့် တိုင်းကို ပြုံးပြနေသေးသည်။
"ဦးတိုင်းဖြစ်လို့ အင့်...ကျွန်တော် မကြောက်တော့ဘူး..."
"အဟက်!အေးပါကွာ။ဒါနဲ့ ခြေထောက်တွေ နာတာ ဆေးလိမ်းပြီးပြီလား..."
မျက်နှာငယ်လေးဖြစ်သွားပြီး ခေါင်းယမ်းနေတာကြောင့် တိုင်း စိတ်မောစွာ သက်ပြင်းချမိပြန်သည်။ရိုင်းသည် လိမ္မာသလိုနဲ့ မနာခံတတ်တဲ့ ကလေးတစ်ယောက်ပါလား?
"ပေး ။ ခြေထောက်တွေ ကိုယ်ဆေးလိမ်းပေးမယ်..."
ကုတင်ပေါ်ကနေ ခြေထောက်လေးတွေ ချပေးပြီး သူ့ကိုသာ ကြည့်နေသည့် ကလေးငယ်ဟာ သူစိတ်ဆိုးသွားမှာ ကြောက်သည့်အလား။
တိုင်း ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး ကလေးငယ်ရဲ့ ခြေထောက်ရဲရဲလေးတွေကို ဆွဲယူကာ ပေါင်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် အဆင်သင့်ယူလာသော ဆေးဘူးလေးကိုဖွင့်ပြီး နီတွတ်နေသော ခြေသလုံးသွယ်သွယ်လေးတွေကို လူးပေးလိုက်သည်။
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
