အပိုင်း ၆၁ (Uni)

3.1K 138 1
                                    

အပိုင်း ၆၁
.
.
.

" ကိုယ် မလုပ်နိုင်ဘူး ရိုင်း "

ရုတ်ချည်းတိတ်ကျသွားသည့် အခန်းတွင်းမှစကားသံများ။
နာရီဝက်လောက်ကြာသည်အထိ သူတို့ငြိမ်သက်နေမိကြသည်။
နှစ်ဦးလုံး၏အကြည့်တွေဟာ ပြောင်လက်နေသောကြမ်းပြင်ပေါ်မှာသာ ရောက်ရှိနေပြီး နှုတ်ခမ်းဖျားတွေက တင်းတင်းစေ့လို့။

ကလေးငယ်ရဲ့လက်ကလေး သူ့လက်ဖမိုးပေါ်မှာ ဘယ်အချိန်ကစပြီးပျောက်ဆုံးသွားမှန်း မသိလိုက်။
တင်ကျန်ခဲ့သောအငွေ့အသက်နွေးနွေးလေးကို မျက်လုံးနှင့်မြင်နိုင်မလားဆိုပြီး ရှာဖွေမိပြန်ပါသည်။
ထို့နောက် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ကလေးငယ်၏မျက်နှာလေးကို ဘေးစောင်းငဲ့ကြည့်လိုက်ကာ အပြုံးတစ်ခုကိုဟန်ဆောင်ဖုံးထားလျက်

" အခုရက်ပိုင်းတော့ စံအိမ်ကိုပြန်နေလိုက်ပါ ရိုင်း ။ မဟုတ်ရင် ထပ်ပြီးရှုပ်ထွေးမှုတွေ ဖြစ်လာလိမ့်မယ်"

" ဘာလို့လဲ? "

" မင်းကို ထိခိုက်လာမှာစိုးလို့"

" အဲ့ဒါမဟုတ်ဘူး"

" ဘာကို..."

လှည့်ကြည့်လာသည့် မျက်ဝန်းနက်များက အနီရောင်ဘက်သို့ ကူးပြောင်းနေခဲ့ချေပြီ။ နီတွတ်နေသောနှာခေါင်းဖျားလေးနှင့် မေးရိုးကားကားကိုမြင်ရတော့ ဘယ်လောက်တောင်ငိုချင်နေမလဲဟု မခန့်မှန်းရဲတော့။

" ဘာလို့ ကျွန်တော်နဲ့အတူ မလိုက််နိုင်တာလဲ?"

ဖြေရှင်းချက်မပေးလို၍ အကြည့်ကိုသာလွှဲပစ်လိုက်မိသည်။

" ဘာလဲ? ကျွန်တော့်ကို အားနာနေလို့လား?"

မင်း သိနေရဲ့သားနဲ့ ထပ်ပြီး မပြောချင်တော့ဘူး ကလေးငယ်!
မင်းဘဝလေးကို လူသားချင်းမစာနာတတ်တဲ့
ပတ်ဝန်းကျင်ကြီးကြောင့် မညစ်ပတ်စေချင်ဘူး!

" အဟက်...ထားပါတော့ ! ဦးတိုင်းမှ မလိုက်နိုင်တဲ့ဟာ ။ ကျွန်တော် ဇွတ်ကြီးမတောင်းဆိုတော့ပါဘူး"

ကွဲအက်အက်လှောင်ရယ်သံတချို့နှင့် ထရပ်လိုက်သော ကလေးငယ်ကို သူမော့မကြည့်ရဲခဲ့ဘူး။
နာကျင်နေမဲ့ မျက်ဝန်းတွေအကြောင်းကို မသိချင်လို့....

3. NEEDED ( Completed) Where stories live. Discover now