အပိုင်း ၆၅ (Final) (Uni)

15.2K 293 24
                                        

Final
.
.
.
💕💕အကယ်၍ ထာဝရနှုတ်ဆက်ဖို့အတွက်များဖြစ်လာခဲ့ရင် စကားလုံးလှလှတွေအစား အပြုံးတွေပဲ ချန်ရစ်ခဲ့ပေးပြီးမှ ထားခဲ့ပါ💕💕
🌸အဲ့တာမှ ချစ်ခဲ့ခြင်းကို နောင်တမရဘဲ ရှင်သန်နိုင်မှာဖြစ်လို့... 🌸

>>>>>>>>>>>>>>♥>>>>>>>>>>>>

" ဖေဖေ "

လေတိုးသံအလား တိုးလျစူးရှသောအသံတစ်ခုက လည်ပတ်နေသောခန္ဓာကိုယ်မှသွေးကြောမျှင်တွေကို တခဏတာရပ်တန့်သွားစေခဲ့သည်။ မယုံနိုင်ခြင်းများဖြင့် လှည့်ကြည့်မိသောအခိုက်အတန့်လေးတွင် ရပ်တန့်နေသောသွေးများပင် အေးခဲသွားသယောင် အကြောအခြင်အားလုံးတုန့်ဆိုင်းကုန်၏။

" သ..သမီး "

အဖြူရောင်ဂါဝန်ရှည်နှင့် သူမလေးက သူ့ကိုတောင်းပန်အကြည့်များဖြင့်ကြည့်လာပြီးနောက် ရှေ့သို့တစ်လှမ်းတိုးလျှောက်လာသည်။ သူကိုယ်တိုင်ကလည်း ဆက်ပြီးခြေတစ်လှမ်းတိုးမိချိန်တွင် မျက်တောင်ဖျားတွေမှာတွဲလဲခိုနေသောအရည်ငွေ့တချို့ကို ကောင်းစွာမြင်လိုက်ရသည်။

" လွန်းချစ်တဲ့သူတွေကို ထပ်ပြီးသတ်အုံးမလို့လား ဖေဖေ? "

ရှေ့ဆက်လှမ်းဖို့ပြင်နေသည့်သူ့ခြေထောက်တွေကို တွန့်ဆုတ်စေသည့်စကားလုံးတွေ။

" တော်လိုက်ပါတော့ ဖေဖေ ။လွန်းတောင်းပန်ပါတယ် ။ ကျေးဇူးပြုပြီး ကိုကိုတို့ကို "

ရှိုက်သံတို့နှင့်စကားသံဟာ သူ၏နှလုံးသားတွေကို ကွဲအက်ကြေမွစေသည်။ ဘယ်အချိန်ကြည့်ကြည့် အမြဲတင်းမာနေတတ်သည့်မျက်နှာထားဟာ အခုများတော့ ချက်ချင်းရွာချတော့မည့်တိမ်စိုင်ထူထူတွေလို ဝမ်းနည်းနေလေ၏။

" လွန်းဖေဖေက လွန်းချစ်ရတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်နေတာကို လွန်း ဘယ်အချိန်ထိများ ဒီလိုမျိုးကြည့်နေရအုံးမှာလဲ ? "

" သမီးလေး.. "

" လွန်း ထပ်ပြီးတောင်းပန်ပါတယ် ။ ဖေဖေလူတွေမသတ်ပါနဲ့တော့ "

" ကလေးလေး.."

လက်တို့ကိုလှမ်းလိုက်ပေမဲ့ သမီးရဲ့ပါးပြင်လေးတောင် မထိနိုင်ခဲ့။

3. NEEDED ( Completed) Where stories live. Discover now