အပိုင်း ၅ (Uni)

11.2K 652 32
                                        

အပိုင်း ၅
.
.
.
ညသည် တိတ်ဆိတ်လို့နေသည်။ ခြံကျယ်ကြီးအတွင်း ဆောက်လုပ်ထားသော တိုက်ကြီးသည် အရှိန်အဝါတညီးညီးနဲ့ လှပသော အသွင်ကို ဆောင်နေသည်။ တိတ်ဆိတ်သော ညချမ်းအချိန်အခါတွင် တိုက်ခတ်လာသော လေပြည်ညင်းသွဲ့သွဲ့တို့ကြောင့် ခြံထဲတွင် အများအပြားရှိနေသော ပန်းပင်လေးများ ဘယ်ညာယိမ်းနွဲ့နေကြ၏။

မှန်ပြတင်းမှ အလင်းရောင်ဖြာကျနေသော အခန်းလေးထဲတွင် ကောင်လေးတစ်ဦးငြိမ်သက်စွာ အိပ်မောကျနေ၏။ လရောင်အေးအေးက ထိုကောင်လေးရဲ့မျက်နှာပေါ်ကို အလင်းပေးကာ ချော့သိပ်နေသည့်အလား၊၊

ထိုသို့ ငြိမ်သက်ပြီး တိတ်ဆိတ်နေသော ညအမှောင်ယံမှာ တံခါးဝမှ ခြေသံသဲ့သဲ့သည် တိုးညှင်းစွာ ဖြတ်လျှောက်လို့နေသည်။
အခန်းတစ်ခုရှေ့အရောက်တွင် ထိုခြေလှမ်းများ ရပ်တန့်သွားသည်။ ထို့နောက် ခပ်ဟဟပွင့်သွားသော တံခါးချပ်နောက်တွင် လရောင်ဖွေးဖွေးအကြား နှစ်ခြိုက်စွာ အိပ်စက်နေသော ကောင်ငယ်လေးရဲ့ အသွင်သဏ္ဍာန်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။

ထိုသူသည် တံခါးကို ဖြည်းဖြည်းလေး ပြန်စေ့ပြီး ထိုနေရာမှ ထွက်ခွာသွားသည်။
ခြေသံသဲ့သဲ့ပျောက်ကွယ်သွားသော နေရာလေးသည် အရင်လို တိတ်မြဲ၊ဆိတ်မြဲ၊လရောင်သည်လည်း သာမြဲ ဖြစ်သည်။

....................

လေညင်းသယ်ဆောင်လာသော ပန်းရနံ့များနှင့် နံနက်စောစောကို ကျက်သရေရှိစွာ လှပတင့်တယ်နေသော ခြံကြီးအတွင်းမှ နှစ်ထပ်တိုက်ကြီးသည် အသွင်ဆန်းနေပေသည်။

ကျောင်းသွားရန်ပြင်ဆင်နေသော အသွင်ရိုင်းသည် မနေ့ညက မက်ခဲ့သော အိပ်မက်အကြောင်းကိုတွေးကာ စဥ်းစားခန်းဝင်နေသည်မှာ နာရီဝက်ကျော်ကျော်ပင် ရှိလေပြီ။ သို့သော် အခုချိန်ထိ ထိုအိပ်မက်ကို အဓိပ္ပါယ်မဖော်တတ်သေးသောကြောင့် နုငယ်ပျိုမျစ်လှသော မျက်နှာလေးမှာ မှုန်ကုပ်လို့နေပါ၏။

"နေပါအုံး! မနေ့ညက လူတစ်ယောက်က ငါ့ကိုလာကြည့်သွားတဲ့ အိပ်မက်က ဘာတုန်း???
အခုလို ရူးကြောင်ကြောင် အိပ်မက်မျိုး ငါဘယ်တုန်းက မက်ဖူးလို့လဲ??၊အခုဟာကြီးက..ကျစ်! "

3. NEEDED ( Completed) Where stories live. Discover now