အပိုင်း ၂၆ (Uni)

3.9K 228 13
                                    

အပိုင်း ၂၆

.
.
.
ခပ်ဟဟပွင့်နေသော တံခါးပေါက်မှအတွင်းကို တိတ်တိတ်လေးချောင်းကြည့်လိုက်တော့ စာကြည့်စားပွဲပေါ်မှာမှောက်လျက်ကလေး အိပ်ပျော်နေသော ကလေးငယ်ကိုတွေ့ရသည်။ လက်ထဲတွင်လည်း ဘောပင်ကိုမချနိုင်ဘဲကိုင်လျက်အနေအထားနှင့်။ တိုင်း သာသာလေးအခန်းထဲဝင်လိုက်ပြီးနောက် ကလေးငယ်ကိုပွေ့ယူလိုက်သည်။ ထို့နောက် အိပ်ရာပေါ် ဖွဖွလေးချပြီး စောင်ကိုလွှားပေးချိန်ထိ ကလေးငယ်လက်ထဲကဘောပင်ကို မယူရသေး။ ထိုဘောပင်လေးကို ဆွဲယူလိုက်ပြီး ကလေးငယ်ရဲ့လက်ကလေးတွေကြည့်လိုက်မိတော့ ဘောပင်ကိုအတင်းဖိရေးထားဟန်ရှိသည့် လက်မလေးက ရဲပြီးသွေးခြေဥသလိုပင်ဖြစ်နေသည်။

တိုင်း သွေးခြေဥချင်နေသော လက်မကလေးကို နမ်းရှိုက်လိုက်ပြီး စားပွဲပေါ်ကပွင့်လျက်သားစာအုပ်တွေကို ပိတ်ပြီး ထပ်ထားလိုက်သည်။ ထို့နောက် စာကြည့်မီးအိမ်ကိုပိတ်ပြီး အဲကွန်းကို အအေးလျှော့ချလိုက်၏။ အပြစ်ကင်းစွာအိပ်ပျော်နေသော ကလေးငယ်ရဲ့နဖူးပြင်ကို မထိတထိနမ်းလိုက်ပြီးနောက်မှာတော့ အခန်းပြင်သို့သာ ​ဖြေညင်းစွာထွက်ခဲ့လိုက်သည်။

အချိန်တွေ သိပ်မကျန်တော့ဘူး ကလေးငယ်~~
မင်းကို ဂရုစိုက်ဖို့အခွင့်အရေးတွေလဲ နည်းလို့လာပြီ~~

>>>>>>>>>>>>>>>>>>>>>>>>>>

" သွန်း... ငါ..ငါတောင်းပန်ပါတယ်"

စာရေးနေသော သွန်းက ခေါင်းမော့ကြည့်လာသည်။ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး စာကိုသာဆက်ရေးနေ၏။

" ငါတို့...အရင်လို ပြန်နေကြရအောင်လေ"

"..."

" ငါတို့က သူငယ်ချင်းတွေပဲလေ ။ အရင်က ကိစ္စတွေအတွက် တကယ်ကိုတောင်းပန်ပါတယ် ။ ငါ တုံးအခဲ့လို့ တစ်မျိုးတွေထင်ပြီး နင့်အပေါ်အမြင်တွေစောင်းခဲ့တာ ။ အခု ငါတို့တွေ သူငယ်ချင်းတွေ ပြန်လုပ်ကြမယ်လေနော် "

" ငါ့ကို ညှင်းဆဲလို့မဝသေးလို့လား ရှိုင်း !. မျှော်လင့်ချက်တွေပေးပြီး ရိုက်ချအုံးမလို့လားဟင်!  ငါကြောက်နေပြီ ရှိုင်း ရဲ့!  နောက်တစ်ခါဆိုရင် ငါခံနိုင်နိုင်ရည်ရှိမှာမဟုတ်ဘူး"

3. NEEDED ( Completed) Where stories live. Discover now