အပိုင်း ၆၃
.
.
.
ပြတင်းပေါက်မှအလင်းရောင်ဖြာဖြာကြောင့် အိပ်စက်နေသော သူ၏မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည်။သူ၏လက်တွင်းမှာလည်း အသက်ရှူနှုန်းညှင်းညှင်းဖြင့် ငြိမ်သက်နေသေးသောကလေးငယ်ကြောင့် မနက်ခင်းလေးဟာအဓိပ္ပါယ်ပြည့်ဝနေခဲ့သလို။" ကိုယ်တကယ်ကို ကျေးဇူးတင်ပါတယ် ကလေးငယ်ရယ် ။ မင်းရှိနေလို့ ကိုယ်အများကြီး အားပြည့်နေသလို ခံစားရစေခဲ့တာ "
အညိုရောင်ဆံပင်ရှည်တွေကိုသပ်ပြီး နဖူးပြင်လေးကို ဖွဖွနမ်းလိုက်သည်။
သူ ဒီကလေးကို ဖော်ပြလို့တောင်မရသည့်အချစ်မျိုးနှင့် ချစ်ခဲ့မိသည်။တစ်ဦးတစ်ယောက်အပေါ်မှာထက်ကို အဆပေါင်းများစွာပိုခဲ့သည်အထိ။သူ့ဘဝမှာ အမေဆိုသောအမျိုးသမီးကို ခေါ်လို့တောင်မဝခင် စွန့်လွှတ်ခဲ့ရသည်။
အဖေဆိုသောအမျိုးသားကိုလည်း မြင်လို့မဝခင်လေးမှာ မရဏမင်းလက်ထဲ အပြီးအပိုင်ပေးအပ်ခဲ့ရပြန်သည်။
ကံတရား၏အကျိုးပေးမှုကြောင့် မရဲတရဲဖမ်းဆုပ်မိတဲ့မိသားစုလေးနှင့် သံယောဇဉ်တွယ်မိခဲ့သောလက်တစ်စုံဟာလည်း သူအတောင်မစုံသေးခင်ဘဲ ပြန်မလာနိုင်တော့မဲ့လမ်းကိုခရီးထွက်သွားခဲ့ကြလေသည်။
ဆုံးရှုံးခြင်းတွေများလွန်းခဲ့သော သူ့ဘဝကြီးမှာ ပိုင်ဆိုင်တာဆိုလို့ သိပ်မရှိခဲ့။သို့ပေမဲ့ သူရှင်သန်နိုင်ခဲ့သည်။မျှော်လင့်ချက် ချည်တစ်မျှင်စာတောင်မရှိပေမဲ့လို့ သူအသက်ရှည်ရှည်နေနိုင်မှဖြစ်မည်။သူမက မှာထားခဲ့ဖူးသည်လေ။
သူဆိုတဲ့နတ်သားလေးက ရက်စက်တတ်တဲ့လောကကြီးမှာ ကောင်းကောင်းရှင်သန်ရမယ်လို့။လွမ်းတယ် မေမေ~~~
မွေးဖွားပေးခဲ့လို့လဲ ကျေးဇူးတင်တယ်~~
မေမေမှာထားခဲ့တဲ့အတိုင်းလဲ လိုက်နာနေမြဲမို့ သိများသိခဲ့ရင် ကျေနပ်နေမလားလေ~~>>>>>>>>>>>>>>>>>>>>>>>>>>
"" ဟယ်လို ""
"" ငါ..ငါသွားတော့မယ် ""
ရုတ်တရက် သူမရဲ့ကမ္ဘာဟာ အမှောင်ကျသွားလေတော့သည်။ ဒီအသံ ၊ ဒီအပြော ၊ ဒီအသက်ရှူသံတွေဟာ သူမအပေါ်၌အမြဲလွှမ်းမို့ထားခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲလေ။

YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...