အပိုင်း ၂၁ (Uni)

4.8K 281 11
                                        

အပိုင်း ၂၁
.
.
.
" ကြောက်တယ်"

" ဟင်"

သိမ့်သိမ့်တုန်အောင် ငိုရှိုက်နေသော ကလေးငယ်ကြောင့် တိုင်း ဆောက်တည်ရာမရဖြစ်သွားသည်။
ရင်ခွင်ထဲက ကလေးငယ်ကတော့ ဆွဲခွာလို့မရအောင်အထိ အတင်းပူးကပ်လို့။

" ကျွန်တော့်ရဲ့ မျှော်လင့်ချက်လေး ပျက်ဆီး
သွားမှာကို ကြောက်တယ်"

"ရိုင်း"

"ကျွန်တော် သူ့ကို ရှာမတွေ့တော့မှာ ကြောက်တယ်"

"ရိုင်း...ကိုယ့်ကိုကြည့်!"

" သူ့ကို မတွေ့နိုင်တော့မှာ တကယ်ကြောက်တယ်"

"ရိုင်း! ဒီမှာ..ကိုယ့်ကို ကြည့်စမ်း!"

" သူ သူ...ကျွန်တော့်ကို မသိလိုက်မှာလဲ ကြောက်တယ် ဟင့်..."

ရင်ခွင်ထဲက မထွက်ဘဲ စကားတွေ တတွတ်တွတ်ပြောပြီး ငိုရှိုက်နေသော ကလေးငယ်ကို တိုင်း အတင်းဆွဲဖယ်ပြီး မျက်နှာကို လက်တွေနှင့် ခပ်ကြမ်းကြမ်း ဖိကိုင်လိုက်ကာ

" ကိုယ့်ကို သေချာကြည့်စမ်း!!..ရိုင်း!..."

သူ့ရဲ့ လေသံမာသွားတာကြောင့် ငြိမ်သက်သော ကလေးငယ်ဟာ  မျက်လုံးဝိုင်းတွေနှင့် ပြန်ကြည့်လာသည်။ ထိုအခါ နီတွတ်နေသော မျက်ခွံဖောင်းဖောင်းလေးများအောက်က မျက်လုံးတွေမှာ အရင်လို တောက်ပမှုတွေပျောက်ဆုံးနေသည်။ ပြည့်အိုင်နေသော မျက်ရည်စတွေကလည်း ပါးပြင်ရဲရဲလေးပေါ် တစ်လိမ့်ချင်း ကျဆင်းလို့နေလေ၏။

" အိပ်မက်...."

"..."

" တကယ်မဟုတ်ဘူး! အိပ်မက်ပဲ။
အဲ့ဒါကြောင့်....စိတ်ကိုလျှော့...။
ကိုယ်ပြောတာ ကြားလား..အိပ်မက်ပါ..။
အခု နိုးလာပြီ...အိပ်မက်က ပျောက်သွားပြီ "

တဆတ်ဆတ်တုန်ယင်နေသော နှုတ်ခမ်းပြည့်ပြည့်လေးက ဖြည်းဖြည်းချင်း လှုပ်ခါနေသည်။ သူ့မျက်နှာကို ငေးရင်း လှုပ်လှုပ် လှုပ်လှုပ်နှင့် နှုတ်ခမ်းလေးတွေက ရေရွတ်သံလေးတွေ စိပ်လို့လာ၏။ တစ်စတစ်စကျယ်လာသော အသံတုန်တုန်လေးတွေကြောင့် အခုမှပဲ တိုင်းမှာ စိတ်သက်သာရာ ရသွားရသည်။

3. NEEDED ( Completed) Where stories live. Discover now