အပိုင်း ၃၉
.
.
.
အေးမြသောဝင်းပပလမင်းကြီးကိုကြည့်ပြီး သူ့ရင်တွေပူလောင်လာသည်။
အခုလိုငြိမ်သက်နေတာ မကောင်းဘူး။
ထိုစဥ်ဘေးနားမှလေတိုးသံက မွှေးပျံ့ပျံ့ရနံ့ကိုသယ်ဆောင်လာ၏။
သူနှစ်သက်သည့် ထိုရနံ့က အခုများတွင်တော့သူ့စိတ်ကို မဖြေလျော့စေနိုင်ခဲ့။" ရန်လေး..."
ချိုုသာသော်လည်း အက်ကွဲမှုတွေပျော်ဝင်ရောနှောနေသည်က ကြားရုံနှင့်ခံစားမိသည်အထိ။
ရှင်းလင်းကျယ်ပြန့်သောကားလမ်းမကြီးသည် ညအမှောင်ယံရဲ့မလင်းတလင်းလရောက်အောက် တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းနေသည်။" ညက ဘာလို့မှောင်မိုက်လွန်းနေတာလဲ ဟင် ။
ငါ့ကို မွန်းကျပ်အောင် ပိုလုပ်နေသလိုပဲ "ကားနောက်ဖုံးကိုဖွင့်ပြီးထိုင်နေသော လူနှစ်ယောက်၏အကြည့်တို့က တစ်ခြမ်းပဲ့လကွေးကွေးလေးဆီမှာသာ အခြေတည်သည်။
ပူးကပ်သောအနေအထားမဟုတ်သော်လည်း ကျယ်လောင်နေသောနှလုံးခုန်သံတစ်ခုကို ထိုသူနှစ်ယောက်လုံးကြားနေရ၏။
ဆွေးမြေ့မြေ့မျက်ဝန်းလှတွေက ပုလဲကြွေသည့်အခါ မကြည့်ရက်သောလခြမ်းကွေးလေးသည် တိမ်တွေကြားထဲပြေးဝင်သည်။
သူမဘေးက တိမ်လေးဟာလည်း ဖြည်းဖြည်းချင်းပဲ့ကြွေနေ၏။" အဟက်.....အရူးတစ်ယောက်လို လုပ်မိပြန်ပြီ "
ဆေးရောင်ပြယ်လွင့်နေသောပါးပြင်ကို ခပ်ကြမ်းကြမ်းဖိသုတ်ပြီး သူမဟာ ခပ်ဟက်ဟက်ရယ်သည်။
ရယ်သံတွေကလည်း....ကျိုးပဲ့နေခဲ့ပြန်သေး၏။နှစ်သိမ့်ဖို့စကားရှာမရသည့်အခါ ငေးငေးလေးပဲကြည့်နေလိုက်သည်။
သူမဟာ လှသည်။ပန်းချီဆရာတွေ မရေးဆွဲတတ်အောင်...
ပန်းပုဆရာတွေ မထုလုပ်တတ်အောင်....
ကဗျာဆရာတွေ မဖွဲ့နွဲ့တတ်အောင်.....
သူမဟာ...... ဆန်းကြယ်စွာ လှသည်။
မျက်ရည်များနှင့်လည်း လှသည်။
ဒေါသထွက်သည်အခါ ရဲနေတတ်သည့်ပါးပြင်တွေကလည်း သူမကိုပိုလှစေသည်။ငေးကြည့်ချင်းတွေဟာလည်း လှပမှန်း သူမကိုတွေ့မှ သိခဲ့ရသည်။
အမြဲငေးကြည့်ချင်သည်.....
အမြဲ မြင်တွေ့ချင်သည်....
အမြဲ...အမြဲ....
ချစ်နေချင်သည်။
![](https://img.wattpad.com/cover/235135746-288-k492825.jpg)
YOU ARE READING
3. NEEDED ( Completed)
Novela JuvenilTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...