အပိုင်း ၅၅
.
.
.
နူးညံ့သောနွေးထွေးမှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။ မျက်လုံးတို့မဖွင့်ခင် အခြေအနေအရပ်ရပ်ကို လက်ဖြင့်စမ်းသပ်ထိတွေ့ကြည့်တော့ သူရောက်နေသည်မှာ သူအိပ်ပျော်သွားခဲ့သောဆိုဖာခုံမဟုတ်ဘဲ ကုတင်တစ်ခုပေါ်ဖြစ်နေ၏။ စိတ်တို့လှုပ်ရှားစွာဖြင့် မျက်လုံးများကိုဖွင့်ပြီး ကြည့်လိုက်သည်။
ဟူး.......
စိတ်လှုပ်ရှားမှုကြောင့် မောဟိုက်ခဲ့သောရင်ဘတ်တစ်ခုလုံးဟာ မီးပွင့်သေးသေးလေးများနှင့်မျက်နှာကြက်ကိုမြင်တော့မှ စိတ်သက်သာရာရသလိုအေးချမ်းသွားသည်။
" နိုးရင် မျက်နှာသစ်ပြီး မီးဖိုးခန်းကိုလာခဲ့ပါ ဦးတိုင်းခင်ဗျ ။ ကျွန်တော်တော့ ဗိုက်တော်တော်ဆာနေပြီ "
ထိုအချိန် ကြည်ပြာရောင်အေပရွန်ခါးစည်းလေးနှင့်အပြုံးချိုချိုမျက်နှာလေးက အခန်းပေါက်မှာရုတ်တရက်ပေါ်လာခဲ့သည်။
တိုင်းရဲ့မျက်ခုံးတန်းများ ကျုံ့သွားချိန်မှာတော့ ဘယ်ဘက်မျက်လုံးတစ်ဖက်မှိတ်ပြလာပြီး ချာခနဲလှည့်ထွက်သွားသည်က လျှင်မြန်စွာ။
အာရုံထဲစွဲထင်ကျန်ခဲ့သည်မှာတော့ လက်ခနဲလှုပ်ရှားသွားသော ငွေရောင်နားစွဲမျှင်မျှင်လေးတစ်ခုသာ။
သူ အိပ်မက်မက်နေတုန်းလားဟု ဝေခွဲမရစွာဖြင့် ရေချိုးခန်းဆီသို့ဝင်ခဲ့လိုက်သည်။
မသိစိတ်မှာတော့ ထိုအိပ်မက်ကလေးကိုပဲ တောင့်တနှမြောနေခဲ့လျက်....။
>>>>>>>>>>>>
" တကယ်ကလေ ဒါတွေကို ကျွန်တော်ချက်ထားတာ မဟုတ်ဘူး....အဟင်း "
အညိုရောင်ဆံပင်ရှည်တွေကို နားနောက်တသပ်သပ်ဖြင့် ရှက်နေဟန်ပြုသည့်ကလေးငယ်သည် သူ့ကိုမကြည့်ဘဲ မျက်နှာလေးငုံ့ထားသည်။
ခါးစည်းအေပရွန်လေးကိုလည်း တစ်ချက်တစ်ချက်လှမ်းကြည့်ပြီး ပြောရနိုး၊မပြောရနိုး အတွေးများနေသလိုမျိုး လျှာဖြင့်နှုတ်ခမ်းသပ်နေသည်က ချစ်စရာ။
" ဦးတိုင်းကို ကိုယ်တိုင်ချက်ကျွေးချင်ပေမဲ့ အဲ့အလုပ်မှာ ကျွန်တော်ကပါရမီမပါဘူး ထင်တယ် ။....အဆင်မပြေလောက်တဲ့အထိပဲ "
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...
