အပိုင်း ၈
.
.
.
နေခြည်ဖြာသော မိုးမနက်ခင်းလေးမှာ အေးစိမ့်စိမ့်လေတချို့ ဖြတ်တိုက်လာသော အခန်းလေးထဲ၌ ကောင်လေးတစ်ယောက် အိပ်ပျော်နေသည်။ အိပ်ပျော်နေသည်ထင်ရသော ထိုကောင်လေးရဲ့ လက်တွေဟာ သူ့နံဘေးနားက ကွက်လပ်ဖြစ်နေသော နေရာကို တရွေ့ရွေ့ စမ်းလို့နေပါ၏။ထို့နောက် မျက်လုံးအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး တစ်စုံတစ်ဦးအိပ်စက်အနားယူသွားသော ထိုနေရာလေးကို မျက်စောင်းထိုးကာ ပါးစပ်က ပွစိပွစိ ရွတ်တော့သည်။"မနက်လင်းထိအောင်တောင် နေမသွားဘူး"
သူ ကိုယ်ပေါ်ရှိ စောင်အပါးလေးကို တွန်းဖယ်ချပြီး ခြံကြီးထဲကို မြင်နိုင်သော မှန်ပြတင်းပေါက်ဆီသို့ တိုးကပ်သွားလိုက်သည်။ခါတိုင်းလို အဖြူရောင်ကြွေခွက်တစ်ခွက်နှင့် ခြေချိတ်ထိုင်နေတတ်သော ဦးတိုင်းကို မတွေ့တာကြောင့် ထူပြည့်ပြည့် နှုတ်ခမ်းဖူးလေး စူထော်သွားရသည်။
ခင်များ ဘယ်ပျောက်သွားပြန်တာလဲ ဦးတိုင်း!
..................
သူ့ရဲ့ အကျင့်တွေ ပြောင်းလဲကုန်ပြီ။
အရင်လို အခန်းထဲမှာပဲ တိတ်ဆိတ်စွာ ထမင်းစားတတ်သူသည် အခု ထမင်းစားခန်းမှာ ထိုင်နေရခြင်းကို နှစ်သက်လာသည်။ဘယ်သူ့ကိုမှ မခင်တွယ်အောင်နေတော့မည်ဟု တွေးထားပေမဲ့ တစ်စုံတစ်ဦးကိုတော့ အမြဲ မျှော်နေတတ်သည်။ အခုလည်း ဗိုက်ထဲက ဆာနေပေမဲ့ မျက်စိရှေ့က ထမင်းကြော်ပန်းကန်ပူပူကို မထိရသေး။"Vရန် ဦးတိုင်း ဘယ်သွားတာလဲ?"
အနားမှာ ရပ်နေတဲ့ Vရန်က သူမပြောချင်ကြောင်း တိတ်ဆိတ်မှုဖြင့် သက်သေပြသည်။
"အာ ဆောရီးပါ...။ကျွန်တော် ကိုယ့်နေရာကို မေ့သွားတယ်"
အသွင်ရိုင်းရဲ့ အားနာသလိုပြောလိုက်သည့် စကားသံကြောင့် Vရန့်ဆီမှ အသံထွက်လာသည်။
"မဟုတ်ပါဘူး။ သခင်ကြီးက ဘာမှ ပြောမထားလို့ပါ"
"အင်းပါ။ ရတယ် ကျွန်တော်က ဒီအတိုင်း
မေးလိုက်တာပါ"အသွင်ရိုင်းရဲ့ ညင်သာနေသော ပြောဆိုပုံကြောင့် Vရန် အနည်းငယ်တော့ အံ့ဩမိသည်။ ဒီကောင်လေး ဒီနေ့ ဘာဖြစ်လို့များ ညင်သာနေပါလိမ့်။အရင်က ရိုင်းစိုင်းပြီး ဂျစ်ကန်ကန်ကောင်လေး ဘယ်ရောက်သွားပါလိမ့်။ညှိုးရော်ရော်ဖြစ်သွားသော မျက်နှာလေးနှင့် စားပွဲပေါ်က ထမင်းပန်းကန်ကို တွန်းကာ ထွက်သွားသော ကောင်လေးကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
YOU ARE READING
3. NEEDED ( Completed)
Novela JuvenilTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...