အပိုင်း ၁၈
.
.
.
" ထ! ဆေးသောက်ရအောင် ရိုင်း""ဟင့်အင် ကျွန်တော်မသောက်ချင်ဘူး"
တစ်ဖက်ကို လှည့်နေသော ကလေးငယ်ထံမှ အသံဟာ တိုးလျလျ။
" မသောက်လို့ မရဘူး ရိုင်း!
ဆေးသောက်မှ မင်းနေကောင်းမှာလေ။
မင်းပြောတော့ ကိုယ့်ကို ပစ်ထားမလို့ဆို။ ကိုယ့်ကို ပစ်ထားနိုင်ဖို့ဆို မင်းက သန်မာနေမှ ဖြစ်မှာလေ ရိုင်းရဲ့ "ချော့ပြောလာသော ဦးတိုင်းစကားကြောင့် သူထိန်းမထားနိုင်စွာ ငိုချလိုက်မိသည်။
"အဟင့်...ဦးတိုင်းက မကောင်းတဲ့လူကြီး"
ကျောပြင်သေးသေးလေး သိမ့်သိမ့်တုန်အောင် ရှိုက်ငိုနေသော ကလေးငယ်ကို တိုင်း ဆွဲပွေ့ယူလိုက်သည်။ ထို့နောက် ရင်ခွင်ထဲပါလာသော ပျော့ခွေနေပါသည့် ကိုယ်သေးသေးလေးကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းကြပ်ကြပ်ပဲဖက်ထားလိုက်ရင်း
"မငိုပါနဲ့...
ကိုယ့်ကြောင့်တော့ မငိုပါနဲ့"မငိုပါနဲ့လို့ ခပ်တိုးတိုးရေရွတ်နေမိသော သူ့မျက်ဝန်းတွေမှာလည်း အရောင်မဲ့ပုလဲတို့ ကြွေကျနေခဲ့ရာ
" အဟင့်...နေမကောင်းတဲ့လူကို စိတ်ဆင်းရဲအောင် တအားသိပ်လုပ်တဲ့ ဦးတိုင်း။ ခင်များကြီးက တကယ်မကောင်းတဲ့ လူပဲ...”
သူ့ရဲ့ကျောပြင်ကို ပြန်လည်ဖက်တွယ်လာရင်း ကလေးငယ်ကတော့ ငိုသံနှင့်ဆိုလာသည်။ နှာရည် တရွှတ်ရွှတ်နှင့် အသံသေးသေးလေးက တိုင်းကို ရူးအောင်ပင် ပြုစားနေသလားပဲ။
"အင်း...ကိုယ်က မကောင်းဘူး။ ရိုင်းလေးကို
ငိုအောင် လုပ်နေမိတယ်....တိတ်တော့နော်...ကိုယ်မကောင်းလို့ပါ.."ပိန်လှီသွားသော ကျောပြင်သေးသေးလေးကို အသာပွတ်သပ်ရင်း ပြောမိတော့မှ အငိုရပ်သွားတော့၏။
" ခုနပြောတာတွေက အမှန်မဟုတ်ဘူး..ဟင့်
။ ကျွန်တော်..ကျွန်တော်က...ဒီအတိုင်း..စိတ်ထဲမရှိဘဲ လျှောက်ပြောလိုက်တာ...အဟင့်...အမှန်မဟုတ်ဘူးလို့"တိုးသဲ့သဲ့ ဝန်ခံမှုနှင့်အတူ တိုး၍ဖက်တွယ်လာသော လက်ကလေးတစ်စုံ။
တိုင်း ကျေနပ်စွာ ပြုံးလိုက်မိကာ
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...