အပိုင်း ၁၂ (Uni)

5.6K 357 14
                                    

အပိုင်း ၁၂
.
.
.
အချိန်က ည၁၁နာရီ။
လေတဖြူးဖြူးတိုက်ခတ်နေပါသော ပြတင်းပေါက်နားမှာ ရပ်ပြီး မီးအလင်း တချိူ့တလေနှင့် လှပနေပါသည့် ညရှုခင်းကို ငေးမောနေမိသည်။တိုက်ခတ်နေသည့် လေတွေကြားထဲ ပန်းရနံ့ကို အမှတ်တမဲ့ လိုက်ရှာနေမိသေး၏။ သို့သော် သင်းပျံ့သော မွှေးရနံ့တို့ ပျောက်ခြင်းမလှ ပျောက်နေခဲ့သည်မှာ အဘယ်ကြောင့်နည်း။

အိပ်မပျော်ရခြင်းရဲ့ အကြောင်းတရားကို ဆန်းစစ်မိတော့ နွေးထွေးသည့်ရင်ခွင်တစ်ခု လိုအပ်နေလို့ ဟူ၍ အဖြေထွက်လာသည်။ ဒီပုံစံအတိုင်းဆို မဖြစ်တော့ပေ။ ကံကောင်းလွန်းသည့် ညတစ်ညကို မေ့မရသည့်အပြင် အမြဲတမ်းဖြစ်ချင်နေလို့တော့ ဘယ်ရမလဲလေ။ တစ်ခဏတာခိုဝင်နားခဲ့မိတာ နွေးထွေးလွန်းတော့လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ရက်ခဲ့။

ကျွန်တော့်အပြစ်မဟုတ်ဘူးမလား ဦးတိုင်း!
လုံခြုံပြီးနွေးထွေးသလို ခံစားရစေတဲ့ ခင်များ ရင်ခွင်​ကြောင့်ပဲ ဖြစ်လာတာတွေမို့လေ!
ကျွန်တော့်အပြစ်လို့တော့ မမြင်စေချင်ဘူး တကယ်!

အိပ်မရမည့်အတူတူ ခေါင်းအုံးလေးပိုက်ပြီး အခန်းရှေ့ သွားရပ်မိပါ၏။ တံခါးကိုခေါက်ဖို့ လက်တွေကတော့ တွန့်ဆုတ်နေမိသည်က မထူးဆန်းဘူးမလား။

ကျေးဇူးပြုပြီးတော့ နှင်မထုတ်ပါနဲ့လား ဦးတိုင်း!ကျွန်တော်က လောဘကြီးတာမှန်ပေမဲ့ အဲ့ဒီ့လောဘက ခင်များတစ်ယောက်အပေါ်မှာပဲ သက်ရောက်နေလို့...
ကျွန်တော့်အပြုံးတွေ မမဲ့ဖို့ ဦးတိုင်း... ခင်များကပဲ တာဝန်ယူပေးပါ!

ဒေါက်! ဒေါက်!!

"ဝင်ခဲ့!"

သူ့စကားသံအဆုံး တံခါးဝမှ ပေါ်လာသော ကလေးငယ်ကြောင့် မင်းဝဠာတိုင်း လက်ထဲက စီးကရက်တိုကို ပြာခွက်ထဲ ထိုးချေကာ မီးငြှိမ်းသတ်လိုက်ရသည်။ သူ့ရဲ့ မကောင်းသည့် ပုံရိပ်တွေကို ကလေးငယ်အား မတွေ့စေချင်။

"ဦးတိုင်းနဲ့ အတူအိပ်လို့ ရမလားဟင်"

မျက်တောင်လေးပုတ်ခတ်ခတ်နှင့် သနားစရာအမူအရာလေးဗန်းပြကာ တောင်းဆိုလာသံက မဝံ့မရဲလေး။

3. NEEDED ( Completed) Where stories live. Discover now