အပိုင်း ၃၇ (Uni)

3.4K 181 6
                                    

အပိုင်း ၃၇
.
.
.
ဒေါက်! ဒေါက်!

တံခါးခေါက်သံနှစ်ချက်ထွက်ပေါ်လာပြီးနောက် အဖြူရောင်မွေ့ရာထက်မှ အညိုရောင်မျက်ဝန်းတစ်စုံ ပွင့်ဟလာခဲ့သည်။ ထို့အတူ အညိုရောင်မျက်ခုံးတန်းများဟာလည်း ကွေးကျုံ့သွားပြီး နီရဲရဲနှုတ်ခမ်းလွှာတွေပါ တင်းတင်းစေ့သွားသည်။ အလိုမကျသွားသည့်မျက်နှာထားနှင့် ထိုလူသားဟာ လှဲနေရာမှထပြီး မွေ့ရာအစပ်နားတွင်ထိုင်လိုက်သည်။
သူ၏မျက်လုံးညိုများက အသံထွက်ပေါ်လာခဲ့သည့် တံခါးဆီသို့ တည့်တည့်ရောက်ရှိနေ၏။

ဒေါက်! ဒေါက်!

နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည့်အသံကြောင့် အညိုရောင်မျက်ခုံးထူထူတွေ ပိုပြီးတွန့်ကျုံ့သွားသည်။
သူ့အခန်းတံခါးကို အခုလိုခေါက်ရဲသူ ရှိသေးတာလား???

" မောနင်း ဦးတိုင်း "

ပွင့်လာသောတံခါးချပ်နောက်မှာ အပြုံးမျက်နှာတစ်ခုက ကပ်တွယ်နေခဲ့၏။
သူ့မျက်နှာကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလာသူက ပြောင်းလဲလာသောကလေးငယ်။

" ဟီး.... ကျွန်တော် တံခါးခေါက်တယ်နော် ။ ဦးတိုင်းပဲ အသံမပေးတာ"

ပြောရင်းဆိုရင်း သူ့အခန်းထဲကို အလွယ်တကူဝင်ရောက်လာသော ငှက်ဆိုးလေး။
တိုင်းရဲ့မျက်နှာအခြေအနေကို သိရက်နဲ့ ဒီကလေးငယ်ဟာ အကြောက်အလန့်မရှိ။

" ဦးတိုင်းရဲ့အိပ်ရာထစမျက်နှာလေးကို ကြည့်ချင်လို့ပါ ။ အခုတော့ မြင်လိုက်ရပြီ ။ ထင်တာထက်ကြည့်ကောင်းနေတယ် "

ပြုံးစစနှင့်ကလေးငယ်ဟာ သူ့အနားကို တစ်လှမ်းချင်းတိုးကပ်လာသည်။ ပြီးတော့
ခပ်တောင့်တောင့်ထိုင်နေသောသူ့အနားကို ရောက်သည်နှင့် အပေါ်စီးမှငုံ့ကြည့်ကာ ပြောလာသည်က

" အခုကစပြီး ဦးတိုင်းက ကျွန်တော့်အပိုင်ဖြစ်သွားပြီ ။ ဦးတိုင်းသိခဲ့ဖူးတဲ့ အသွင်ရိုင်းဆိုတဲ့ကောင်လေးကနေ ဦးတိုင်းမသိခဲ့တဲ့ အသွင်ရိုင်းဆိုးဆိုးလေးကို တွေ့ရတော့မယ် ။ ကျွန်တော်ဆိုးလဲ မမုန်းရဘူးနော် "

မပြောမဆိုနှင့် သူ့နဖူးနားကပ်လာသော မျက်နှာလေး။
ထိုအခိုက် ပူနွေးသွားခဲ့သော အဖြူရောင်ဆံပင်တွေရဲ့အောက်ခြေဖျားနေရာ။

3. NEEDED ( Completed) Where stories live. Discover now