အပိုင်း ၄၈ (Uni)

3.1K 163 5
                                    

အပိုင်း ၄၈
.
.
.
တရွေ့ရွေ့ ရွေ့လျားကုန်ဆုံးနေသောအချိန်စက်ဝန်းကြီးသည် ပျင်းရိဖင့်နွဲဲ့ခြင်းမရှိစွာ သဘာဝအတိုင်း လုပ်ဆောင်နေဆဲ။
အလီလီပြောင်းလဲသွားသော ရာသီများစွာတွင် အလွမ်းတွေတနင့်တပို့အား မမောနိုင်မပန်းနိုင် ထမ်းထားခဲ့ကြောင်း ကြွင်းကျန်ရစ်သည်။
၅ နှစ်ဆိုသောအချိန်ကာလတစ်ခုသည် ပြောင်းလဲသင့်သော အရာတွေပြောင်းလဲဖို့ လုံလောက်သည်ဟု ဆိုနိုင်သည်။သို့သော် နင့်နဲသောအလွမ်းများတော့ မပါဝင်ခဲ့။

အမိနိုင်ငံကို ပစ်ခွာပြီးခြေဆန့်ခဲ့တာ အခုဆို ရက်ပေါင်း ၁၉၀၀ နီးပါး ရှိခဲ့ပြီ။
သို့ပေမဲ့ ဒီနိုင်ငံကိုမရောက်ခင် ၂လလောက်ကတည်းက ဝေးကွာခဲ့ရသည်မို့ ထိုလူသားကိုမတွေ့ရတာ ရက်ပေါင်း များစွာပင်ရှိပြီ။
ထိုရက်ပေါင်း များစွာအတွင်း တစ်ရက်လေးတောင် မေ့လျော့မနေခဲ့ကြောင်းကို ထိုလူသားသိအောင် ဘယ်လိုပြောရမလဲ???

နေ့အခါတွေမှာ သူတို့နှစ်ယောက်လုံး မြင်နိုင်တဲ့ နေမင်းကြီးကတစ်ဆင့် ပြောခိုင်းရမလား???🔆🔆

သူတို့အသက်ရှင်ဖို့ လုံလုံလောက်လောက်ရှူသွင်းနေရတဲ့ ကျယ်ပြန့်သောလေထုမှတစ်ဆင့် အသိပေးရမလား???🌪🌪

ယခုလိုညတိုင်းတွေ့မြင်နေရတဲ့ ကောင်းကင်ပြင်ထက်က မလင်းတလက် လင်းတလက်ကြယ်ပွင့်တွေကနေတစ်ဆင့် မှာတမ်းခြွေခိုင်းခိုင်းရမလား???💫💫

အတွေးနက်နက်ထဲ စိတ်အစဥ်ကိုလွှတ်ပေးမိတော့ ကြည်နူးခြင်းတစ်ဝက် မျက်ရည်လည်ခြင်းတစ်ဝက်။
မပြည့်တပြည့်ဖိုးလမင်းကြီးကိုငေးကြည့်တော့ ဘေးနားက တလက်လက်ကြယ်မှုန်ကြယ်မွှားတွေက ပြုံးပြလာသည်။
လေဟာနယ်ထဲက လွတ်လပ်စွာပင့်ခတ်လာသည့်လေအေးအေးကလည်း သူ့ဆံပင်ရှည်တွေကို ယိမ်းခါနေအောင်ကျီစယ်လို့သွား၏။

" မအိပ်သေးဘူးလား သွင်လေး "

ထိုစဥ် ကျောဘက်ဆီမှ ဝေယံ့အသံချိုချိုနှင့် လျှောက်လာနေသောခြေသံတိုးတိုးကို ကြားလိုက်ရသည်။

" အိပ်မပျော်လို့ "

" အပြင်ဘက်က အေးတယ် ။ လက်ရှည်လဲ ဝတ်မထားဘူး "

3. NEEDED ( Completed) Where stories live. Discover now