အပိုင်း ၃၃ (Uni)

3.5K 183 2
                                        

အပိုင်း ၃၃
.
.
.
အဖြူရောင်ကျောက်ထိုင်ခုံလေးပေါ်တွင် ထိုင်ပြီးစာဖတ်နေသော ရှိုင်းဘုန်းမာန်သည် သူ့အနားသို့ တိတ်တိတ်လေးလျှောက်လာသော ခြေထောက်သေးသေးလေးတွေကို လျှပ်တစ်ပြက်မြင်လိုက်မိသည်။ သို့ပေမဲ့ မသိသလိုဟန်ဆောင်ရင်း စာအုပ်ကိုသာပြန်ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။သူ၏နှုတ်ခမ်းတွေမှာတော့ အပြုံးလေးတွေရှိနေ၏။

" ဝါး....!! "

ခြောက်လှန့်သလို လက်ကလေးတွေမြှောက်ပြီး သူ့ကိုမျက်လုံးပြူး၍ကြည့်လာသော ကလေးလေး။

" ဟာ....ချစ်ဖို့ကောင်းအောင် လုပ်နေတာလား? "

သူ အသည်းယားစွာရေရွတ်လိုက်ရင်း လက်ထဲကစာအုပ်ကို ဘေးချပြီး ကျားတွေလိုခုန်အုပ်တော့မည့်ပုံစံဖြင့်ခြောက်နေသောကလေးငယ်ရဲ့ ခေါင်းလေးကို လှမ်းပြီးပုတ်လိုက်သည်။ထိုအခါ သူ့လုပ်ရပ်ကြောင့် ကြောက်အောင်ခြောက်မည့်ကလေးငယ်က မျက်နှာလေးအိုသွားကာ

" ကိုကိုက မကြောက်ဘူး "

သူ့အနားဝင်ထိုင်ကာ ထိုကလေးငယ်က ငြိမ်သက်စွာ ဆိုလာသည်မို့
အဖြူရောင်ခေါင်းငယ်လေးကို အသည်းယားစွာထပ်ဖွရင်း ခပ်ဟက်ဟက်ရယ်မိသည်။

" ကိုကိုက အစကတည်းက သိနေတာလေကွာ "

" သိတယ်လား? "

သူ့ကိုလှည့်ကြည့်ပြီး မေးလာသလိုပြောသည်။

" အင်း ခြေထောက်တွေကို မြင်လိုက်တာ "

ထိုကလေးငယ် တိတ်ဆိတ်သွားသည်။ရှိုင်းဘုန်းမာန် အသေအချာကြည့်မိတော့ တွန့်ကုပ်နေသော မျက်ခုံးတစ်စုံသာ ဦးစွာတွေ့ရ၏။
စိတ်အလိုမကျချိန် ၊ မပျော်သည့်အချိန်တွေမှာ အမြဲမြင်ရတတ်သော ထိုပုံစံ။
ချစ်စရာကောင်းသောမျက်နှာလေးတွင် ထိုမျက်ခုံးတန်းတို့က အမြဲတွန့်ကုပ်နေတတ်သည်ဟု ဆိုရမည်။

" ကင်မရာ အသစ်တစ်လုံးဝယ်လာတယ် ။ သားတို့နှစ်ယောက်ကို အရင်ရိုက်ကြည့်ရမလား "

ခပ်လှမ်းလှမ်းတွင် လမ်းလျှောက်လာသော ဦးဘုန်းမာန်က ဝယ်လာသောကင်မရာအသစ်ကိုမြှောက်ပြကာ ပြောလာသည်မို့

3. NEEDED ( Completed) Where stories live. Discover now