အပိုင်း ၄၁ (Uni)

3.3K 182 13
                                    

အပိုင်း ၄၁
.
.
.
ခွမ်း! !

ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသော ကြွေပန်းအိုးအပိုင်းအစများ။
ထိုပန်းအိုးဟာ စျေးကြီးပြီးရှားပါးသော အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သလို ကျယ်ဝန်းခမ်းနားလှသည့် ထိုဧည့်ခန်းထဲရှိ နောက်ဆုံးအိုးတစ်လုံးလည်း ဖြစ်၏။
တစ်ခန်းလုံးအနှံ့ ပွစာကျဲနေသော အကွဲအပိုင်းအစများအလယ်မှာ ပန်းရင့်ရောင်ဇာဂါဝန်တိုနှင့်အမျိုးသမီးတစ်ဦးသည် ခပ်တောင့်တောင့်ရပ်နေပြီး အံကြိတ်ထားသည်။သူမ၏မျက်ခွံများမှာ ရဲမို့နေပြီး ပါးပြင်တစ်လျှောက်မှာလည်း စိုရွှဲနေခဲ့၏။

ခါးထိရှည်လျားသောပင်ကိုယ်ဆံသားလိမ်လိမ်လေးများသည်လည်း အကြိမ်များစွာထိုးဖွဆွဲယမ်းထားခြင်းကြောင့် ဖရိုဖရဲဖြစ်ကာရှုပ်ပွနေလေသည်။ရုပ်ပျက်ဆင်းပျက်နှင့်အရူးတစ်ယောက်လိုဖြစ်နေသော သူမက ထိုကြွေအပိုင်းအစတွေကိုကြည့်ကာ ရယ်ပြန်သည်။
သေချာတာကတော့ ထိုအခန်းထဲမှာ သူမတစ်ယောက်ကလွဲပြီး အခြားသူများရှိမနေခဲ့။
မသိလျှင် သူမစိတ်ကြိုက် ပေါက်ကွဲလို့ရအောင် ဖန်တီးထားသော သီးသန့်ကမ္ဘာတစ်ခုလိုပဲ။
သူမမှလွဲ၍ အရာအားလုံးဟာ အေးစက်ငြိမ်သိမ်လျက်။

" သတ်ပစ်ချင်လိုက်တာ..."

တိုးတိုးလေးရွတ်ပြီးနောက် ကြွေအစအနတွေကို လိုက်ကောက်နေပြန်သော သူမ။
ထက်မြနေသည့်ကြွေစတစ်ခုကို အားနှင့်ဖိဆုပ်မိတော့ နုနယ်နယ်လက်ဖဝါးက မခံနိုင်။
တစိမ့်စိမ့်ယိုစီးလာသော စေးပျစ်ပျစ်အနီရောင်သွေးစက်တွေဟာ ကြမ်းပြင်ပေါ်ကကြွေအကွဲစတွေပေါ် ဝပ်တွားကုန်သည်။
သူမမျက်နှာကတော့ နာကျင်မှုမရှိသလို အေးစက်စက်ဖြင့် ထိုအနီရောင်တွေကို စိုက်ကြည့်လို့နေလေ၏။

" ငါ မင်းကို သတ်ပစ်ချင်လိုက်တာ အသွင်ရိုင်းရာ ။ ဒါပေမဲ့.....ငါ...ငါ..မလုပ်နိုင်ဘူး.."

ထပ်ပြီးတင်းတင်းဆုပ်လိုက်တော့ နီရဲသောသွေးများ ဒလဟောကျလာပြီး ကြမ်းပြင်ကိုအရုပ်ဆိုးသွားစေသည်။
လက်ဖဝါးရဲ့နာကျင်မှုက သူမနှလုံးသားရဲ့နာကျင်မှုကို မမှီသည့်အခါ သွေးစက်တို့စွန်းပေသွားသောလက်ကသာ ဒဏ်ရာနက်ခဲ့ရ၏။

3. NEEDED ( Completed) Where stories live. Discover now