အပိုင်း ၂( Uni)

17.8K 932 28
                                        

အပိုင်း ၂
.
.
.
တဖျောက်ဖျောက်ရွာကျနေသော မိုးရေစက်သံတွေက ပတ်ဝန်းကျင်ကို အေးစက်မှုများနှင့် ကြိုဆိုဧည့်ဝတ်ပြုနေကြသည်။

မနက်ခင်းကို အလှဆင်နေသော စွေမိုးဟာ တစ်စုံတစ်ယောက်အတွက်တော့ အကျည်းတန်နေခဲ့သည်လား??

မှန်ပြတင်းတံခါးမှ အပြင်ကမိုးရေစက်တွေကို ကြည့်ကာ ဒေါသထွက်နေသော လူတစ်ယောက် ရှိနေသည်။

ပုလဲရောင်ကဲ့သို့ ကြည်လင်နေသော အသားအရေနှင့် အညိုရောင်မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ထားသော ထိုသူသည် အိမ်ရှေ့စံမင်းသားတစ်ပါးလို နုပျိုနေသော်ငြားလည်း ဘုရင်ကြီးတစ်ပါးလို ဟိတ်ဟန်အပြည့်ဖြင့် ခံ့ညားနေသည်။

အမြဲတမ်း တည်တင်းနေတတ်သော မျက်နှာမှာ အပြုံးဆိုသောအရာကို ဘယ်အရွယ်ကတည်းက ဖျောက်ဖျက်ပစ်ခဲ့လဲ မသိပေ။
သေချာတာကတော့..
ထိုသူရဲ့ အပြုံးဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ရတနာတစ်ခုလိုပင် ပျောက်ဆုံးနေခဲ့မှာ ကြာခဲ့ပြီ ဖြစ်လောက်မည်။

မိုးရွာသွန်းမှု ပြင်းထန်လာသောအခါ လက်ထဲက remote ဖြင့် လိုက်ကာများကို ဆွဲပိတ်ပစ်လိုက်သည့်ထိုသူ။

ထို့နောက် တိုးတိုးလေး ညည်းဆိုသံကို ကြားလိုက်ရသည်။

"မိုးရွာတာကို မုန်းလိုက်တာ..."တဲ့

♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻

"မင်းနာမည်က..??"

"အသွင်ရိုင်း! "

Vရန် မျက်ခုံးများပင့်တက်သွားသည်။
နာမည်က မခေပါလား??

"မင်းအဖေ နာမည်ကရော??"

"သေပြီ.."

"မဟုတ်ဘူးလေ...နာမည်.."

"..."

ခေါင်းမငုံ့ပေမဲ့ အကြည့်တွေအားလုံးကို ကြမ်းပြင်သို့သာ ပို့ထားသော ကောင်လေး။
Vရန့် ရဲ့ စကားကို မဖြေဘဲ နှုတ်ဆိတ်နေသဖြင့် Vရန် စိတ်ညစ်သွားသည်။

နောက်မေးခွန်းတစ်ခုကို မေးလိုက်တော့...
ဖြေလာသော အဖြေကြောင့် Vရန် ထိုင်ငိုချင်စိတ်ပါ ပေါက်သွားသည်။

အမေလည်း သေပြီတဲ့လေ။

ရှေ့က ဂျစ်ကန်ကန်ဒီဇိုင်းနဲ့ ထိုကောင်စုတ်ကလေးကို ကြည့်ပြီး Vရန့်မှာ ကိုင်ပေါက်ချင်လာ၏။

3. NEEDED ( Completed) Where stories live. Discover now