အပိုင်း ၉ (Uni)

7.7K 447 15
                                        

အပိုင်း ၉
.
.
.
အသက် ၈၀ အရွယ် လူကြီးတစ်ယောက်ရဲ့ရှေ့မှာ မင်းဝဠာတိုင်း တောင့်တောင့်ကြီး ရပ်နေမိသည်။'ဝဠာ'စံအိမ်ကြီးမှာ သခင်ကြီးဖြစ်သော၊အလုပ်သမားအားလုံး ဖိန့်ဖိန့်တုန်ကြောက်ရသော မင်းဝဠာတိုင်းသည် ယခုမူ အသက် ၈၀အရွယ်ဆိုပေမဲ့ အရေးအကြောင်းများနှင့်ပင် ခံ့ညားနေသေးသော အဖိုးကြီးတစ်ယောက်ရှေ့တွင်တော့ ကျားမဟုတ်ဘဲ ခွန်အားမဲ့နေသောယုန်လေးသာသာ သာဖြစ်နေသည်။
တင်းမာစူးရဲနေသော အဖိုးရဲ့ မျက်လုံးအစုံကို မကြည့်ရဲကြည့်ရဲနှင့် ကြည့်ကာ အဖိုးပြောလာမည့်စကားကို သိနေပေမဲ့လည်း ရှောင်ထွက်ဆင်ခြေပေးဖို့ သူ့မှာဆန္ဒမရှိ။

"မင်းအိမ်က မိဘမဲ့ဂေဟာလား မိုးရိုင်း"

တင်းပြတ်စွာ ထွက်ပေါ်လာသော ဩရှနေပေမဲ့ ကြည်လင်သောအသံတစ်ခု။

မခေါ်ပါနဲ့?အဲဒီ့နာမည်ကြီးကို မုန်းလွန်းလို့!

မိုးတွေသည်းနေသည့် ခြံကြီးရှေ့မှာ အသက်၈နှစ်အရွယ်ကောင်လေးတစ်ယောက် လက်လေးနှစ်ဖက်ပိုက်ပြီး ဒူးထောက်နေသည့်ပုံရိပ်လေး။

"မင်းက ဂြိုလ်ကောင်!!.."

"မင်းက မကောင်းဆိုးဝါး!!.."

"မင်းကြောင့် တစ်ရွာလုံးသေရတာ!!.."

"မင်းကြောင့် မင်းအဖေ၊မင်းအမေ သေရတာ!!.."

"မင်းကြောင့်...အားလုံးက မင်းကြောင့်!!.."

"...."

"မိုးရိုင်းဆိုတဲ့ မင်းကြောင့်!!.."

နားထဲ အသံတွေ ဝေဝါးရာမှ တဖြည်းဖြည်းကြည်လင်ပြတ်သားလာသည်။ ခေါင်းထဲမှာ ပုံရိပ်တွေ၊မိုးရေထဲ မတ်တတ်ရပ်နေသည့် ပေတိ​ပေစုတ်ကလေးလေး၊ပြီးတော့ မိုးရေထဲ ပြေးလွှားနေသော ရွာသူရွာသားတွေ ၊ နောက် မိုးရေတွေထဲ ဖြူဖျော့နေသော ပိန်လှီလှီအမျိုးသမီး။

မဟုတ်ဘူး!ငါ့ကြောင့် မဟုတ်ဘူး!
ငါလုပ်တာ မဟုတ်ဘူး! ငါနဲ့ မဆိုင်ဘူး။အား!!!

ထိုးကိုက်လာသော ခေါင်းကို လက်နှင့်အသာထိန်းရင်း လူလဲကျမသွားအောင် ဘေးနားက ဆိုဖာခုံကို လက်တစ်ဖက်ဖြင့် အားပြုဆုပ်ကိုင်ထားလိုက်ရသည်။

3. NEEDED ( Completed) Where stories live. Discover now