အပိုင်း ၃၆ (Uni)

3.4K 189 6
                                    

အပိုင်း ၃၆
.
.
.
တစ်ပတ်ဆိုသောအချိန်ကာလက မြန်သည်။

ကလောင်!!...ကလောင်!!...ကလောင်!!

အသိပေးခေါင်းလောင်း၏အသံကို ကြားသည်နှင့် စိတ်လှုပ်ရှားနေသူများ ခေါင်းထောင်လာသည်။
တချို့ကလည်း အေးဆေးပါ ဆိုသည့်ပုံစံနှင့် သတ်မှတ်ထားသည့်အခန်းထဲကို ဖင်ကော့ရင်ကော့ဖြင့် ဝင်သွားကြလေ၏။

" အစောကြီးပြီးလည်း ထွက်မလာခဲ့နဲ့နော် ဝေယံ ။ စစ်စရာရှိတာစစ် ။ ခုံနံပါတ်တွေလဲ မမှားစေနဲ့ "

" အေးပါ "

အခန်းထဲမဝင်ခင် စာရေးကိရိယာတွေစုံအောင်ယူနေရင်း ပြောလာခြင်းဖြစ်သည်။
တချို့ကျောင်းသားတွေ အခန်းထဲရောက်ပြီးနေပြီဖြစ်သော်လည်း ရှိုင်းဝေယံနှင့်အသွင်ရိုင်းကတော့ လွယ်အိတ်တွေအနားမှာသာရှိနေဆဲ။

" ဝေယံ "

" အေး "

စိတ်လှုပ်ရှားနေသည်မို့ အသံကတိုးနေသည်။

" ငါ့ကို ယုံလား?  "

တည်ငြိမ်စွာပြောလာသော အသံပိုင်ရှင်ကို ဝေယံလှည့်ကြည့်လိုက်သည်။
သူ့ကို ကြည့်နေသည့်မျက်လုံးများက ယုံကြည်ချက်ပြည့်ဝလွန်းနေသည့်ပုံစံ။

" ငါ သင်ထားတဲ့အတိုင်းသာ မင်းမှတ်မိနေရင် သေချာပေါက် မင်းဖြေနိုင်လိမ့်မယ်"

သူ့စိတ် အနည်းငယ်သက်သာရာရသွားသည်။

" အားပေးစကားအတွက် ကျေးဇူး "

ထို့နောက် သူတို့နှစ်ဦးလုံး အခန်းထဲဝင်ကြသည်။
အခန်းထောင့်မှ မျက်ဝန်းတစ်စုံသည်လည်း သူတို့နှစ်ယောက်လုံးထံမှ ရွေ့လျားသွား၏။
တစ်ဆက်တည်းအှာဆိုသလို သူမလက်ထဲကဘောပင်လေးလည်း ဆတ်ခနဲ တုန်ခါသွားခဲ့သည်။
နာကျင်မှုက ရင်နှင့်မဆန့်သည့်အခါ မျက်ဝန်းတို့ကပါစိုလာရ၏။

ငါ ဘယ်လောက်ကြိုးစားခဲ့ပါစေ.....
နင်က သူ့အတွက် ဖြစ်နေတုန်းပဲ မောင်ရယ်.....

>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးငယ်ဟာ စကားတည်သည်။
ထိုနေ့မှစပြီး နောက်နေ့များတွင် သူ့ဆီရောက်လာခဲ့ခြင်း မရှိတော့ပါ။ တစ်အိမ်ထဲနေသူများမို့ မတော်တဆတွေ့မိရင်တောင် ပြုံးပြရုံကလွဲပြီး ရှောင်သွားတတ်သည့်ကလေးငယ်။

3. NEEDED ( Completed) Where stories live. Discover now