အပိုင်း ၂၂ (Uni)

4.2K 264 14
                                    

အပိုင်း ၂၂
.
.
.
" Vရန် ကျွန်တော် ဒီညနေ သူငယ်ချင်းအိမ်ကို လိုက်သွားမှာလို့ ဦးတိုင်းကို ပြောပေးနိုင်မလား"

" ပြောပေးပါ့မယ် သခင်လေး"

အကြိုလာသော Vရန်က သူ့စကားကြောင့် ချက်ချင်းပင် ဦးတိုင်းဆီကို ဖုန်းဆက်သည်။
သူရယ် ၊ ဝေယံရယ် ၊ သွန်းရယ်ကတော့ ကားနားမှာပဲ ရပ်စောင့်နေလိုက်၏။
တစ်ဖက်က ဘာပြောလိုက်လို့လဲမသိ၊ Vရန်အကြည့်က သူ့ဆီဝေ့လာသည်။ထို့နောက် အဝေးကို ထွက်သွားသော Vရန့်ကြောင့် ဦးတိုင်းက မလွှတ်ဘူးလားဟုပင် တွေးလိုက်မိသေးသည်။

ခဏကြာတော့ သူတို့အနားကို Vရန်ပြန်ရောက်လာသည်။မျက်နှာက ပုံမှန်အတိုင်းပဲမို့ သူစိတ်အေးအေးထားလိုက်သည်။

" သခင်ကြီးက ခွင့်ပြုတယ်တဲ့။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်..."

"ဘာကိုလဲ.."

သူ မသိသလို မေးလိုက်တော့

" ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးရမှာတဲ့။
ပြီးတော့ သခင်လေးအနားမှာပဲ ရှိနေရမယ်တဲ့။
အဲ့ဒါမှ သခင်လေးကို  စိတ်ချမယ်တဲ့"

' တဲ့' များစွာရဲ့ အဆုံးသတ်မှာတော့ အသွင်ရိုင်းဟာ မူကြိုကလေးအဆင့်သာဖြစ်သွားမှန်း သူ့ကိုယ်သူ သိလိုက်ရသည်။
မျက်နှာကို အလိုမကျသလို မှုန်ကုပ်ထားလိုက်မိ၏။မကျေနပ်ပေမဲ့လည်း ဦးတိုင်းရဲ့ အမိန့်ကို မလွန်ဆန်နိုင်သော Vရန့်ကြောင့် သက်ပြင်းသာ ချလိုက်သည်။
သူဘယ်လောက်တားတား ရအောင်လိုက်မည့် Vရန့်အကြောင်းကိုလည်း သူသိတာမို့ စိတ်မပါတပါနဲ့ ခေါင်းသာ ညိတ်လိုက်ရင်း

" မင်းတို့က ဘာနဲ့ပြန်ကြတာလဲ"

ဝေယံနှင့် သွန်းကို မေးလိုက်တော့ သူတို့နှစ်ယောက်လုံးက သူ့ကိုပြူးပြီးကြည့်လာသည်။

" ငါတို့ အိမ်က နီးနီးလေးပဲဟာ။
ခြေလျင်လျှောက်ပြန်တာပေါ့.."

သွန်းပြောတော့မှ သူသတိရသည်။
ဟုတ်သားပဲ။ ဝေယံက တစ်ခါပြောဖူး၏။
၁၀မိနစ်ပဲ လမ်းလျှောက်ရတာဆိုလား?

" အဲ့ဒါဆို ကားနဲ့ပဲ သွားရအောင်။
ဝေယံ မင်းက Vရန်နဲ့ အရှေ့မှာ ထိုင်လိုက်။
သွန်းနဲ့ ငါက အနောက်မှာထိုင်လိုက်မယ်"

3. NEEDED ( Completed) Where stories live. Discover now